skip to content
နေပြည်တော်၊ ဇူလိုင် (၁၆)ရက်။
၂ဝ၁၈ ခုနှစ်၊ နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ကျင်းပပြုလုပ်လျက်ရှိပြီး နံနက်(၇)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယှဉ်ပြိုင်ကြရာ နံနက်ပိုင်း(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အုပ်စု(က) ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ အုပ်စု(ဂ)လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အသင်းကို (၄)ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း အမှတ် (၃)၌ အုပ်စု(ခ)မှ ပညာရေးဝန်ကြီးဌာနအသင်းမှ အုပ်စု(ဃ) နေပြည်တော်စည်ပင်အသင်းကို(၂)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ (၃) နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အုပ်စု(က) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းမှ အုပ်စု(ဂ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၅)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း အမှတ် (၃)၌  အုပ်စု(ဃ) ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ အုပ်စု(ခ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို(၁)ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိ သွားကြောင်း သတင်းရရှိပါသည်။
(၁၈.၇.၂ဝ၁၈) ရက်နေ့ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် နံနက်ပိုင်း(၇)နာရီခွဲတွင် အုပ်စု(က)မှ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အုပ်စု(ခ)မှ ပညာရေးဝန်ကြီးဌာနအသင်း၊ ညနေ (၃) နာရီ အချိန်တွင် အုပ်စု(က)မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းနှင့် အုပ်စု(ဃ) ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
 

back to top Eng