skip to content
နေပြည်တော်၊ဇူလိုင်လ(၁၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ် ကရာတေးဒို အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကရာတေးဒိုပြိုင်ပွဲများကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (C)၌ ကျင်းပရာ ယနေ့နောက်ဆုံးပွဲစဉ်များဖြစ်သော အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း/အသင်းလိုက်ခတပွဲစဉ်များ၊ အမျိုးသားကုမိတဲ့ (-၅၅) ကီလိုတန်း၊ (-၆ဝ) ကီလိုတန်း၊ (-၆၇)ကီလိုတန်း၊ (-၇၅)ကီလိုတန်း၊  (+၇၅)ကီလိုတန်း ပြိုင်ပွဲများ၊ အမျိုးသမီးကုမိတဲ့   (-၅ဝ) ကီလိုတန်း၊ (-၅၅)ကီလိုတန်း၊ (-၆၁)ကီလိုတန်း၊ (+၆၁)ကီလိုတန်းပြိုင်ပွဲများနှင့် အမျိုးသား၊ အမျိုးသမီး အသင်းလိုက် ကုမိတဲ့ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြပါသည်။ 
ပြိုင်ပွဲများအပြီး ဆုပေးပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသားကုမိတဲ့ (-၅၅) ကီလိုတန်း၊ (-၆ဝ) ကီလိုတန်း၊ (-၆၇)ကီလိုတန်း၊ (-၇၅)ကီလိုတန်း၊  (+၇၅)ကီလိုတန်း၊ အမျိုးသမီးကုမိတဲ့   (-၅ဝ) ကီလိုတန်း၊ (-၅၅)ကီလိုတန်း၊ (-၆၁)ကီလိုတန်း၊ (+၆၁)ကီလိုတန်းပြိုင်ပွဲများတွင် ဆုရရှိသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများမှလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ခတ ပြိုင်ပွဲတွင် ဆုရရှိသူများအား  အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်မှ လည်းကောင်း၊ အမျိုးသားအသင်းလိုက် ခတ ပြိုင်ပွဲတွင် ဆုရရှိသူများအား  အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ လည်းကောင်း၊ အမျိုးသမီး အသင်းလိုက် ကုမိတဲ့ပြိုင်ပွဲတွင် ဆုရရှိသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ လည်းကောင်း၊ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဌဦးစိုးဝင်းမှအမျိုးသား အကောင်းဆုံး အားကစားသမား ဆုရရှိသော ဉာဏ်လင်းထက် (ရန်ကုန်)နှင့် အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုရရှိသော နေခြည်ထွန်း (ကယား) တို့အားလည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အမျိုးသမီးစုပေါင်းတံခွန်စိုက်ဆုဖလား ရရှိသွားသော မန္တလေးတိုင်းဒေသကြီး အသင်း၊ အမျိုးသားစုပေါင်း တံခွန်စိုက် ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် (အမျိုးသား+အမျိုးသမီး)စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်း တို့အားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng