ရန်ကုန်၊ ဇူလိုင်လ( ၂၂ )ရက်။
မလေးရှားနိုင်ငံ Shah Alam Selangor မြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပလျက်ရှိသည့် 10th ASEAN SCHOOL Games2018 ဒုတိယနေ့ပြိုင်ပွဲများအဖြစ် ယနေ့နံနက်ပိုင်းက ပြေးခုန်ပစ် အမျိုးသား လမ်းလျှောက် မီတာ(၅ဝဝဝ)ဗိုလ်လုပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သည်။
အဆိုပါ အမျိုးသားမီတာ(၅ဝဝဝ)လမ်းလျှောက် ဗိုလ်လုပြိုင်ပွဲတွင် စံချိန်(၂၂မိနစ်၊ ၅၇ဒဿမ၁၉စက္ကန့်)ဖြင့် မြန်မာနိုင်ငံမှ မိုင်ညီညီမိုး (အားကစားနှင့်ကာယ ပညာသိပ္ပံ-တောင်ကြီး)မှ ပထမ ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ စံချိန်(၂၃မိနစ်၊၁၅ဒဿမ၃၃ စက္ကန့်)ဖြင့် မလေးရှားမှ ဒုတိယနှင့် စံချိန်(၂၄မိနစ်၊၅၄ဒဿမ၆၁စက္ကန့်)ဖြင့် ထိုင်းနိုင်ငံမှ တတိယဆုတို့ အသီးသီးရရှိခဲ့ကြပြီး ယနေ့ထိ ပြေးခုန်ပစ်အားကစားနည်းမှ ရွှေ(၁)၊ ငွေ(၁)၊ ကြေး(၁)ခုတို့ အသီးသီးရရှိထားပြီး ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရှိရသည်။