skip to content

နေပြည်တော်၊ သြဂုတ်(၁၁)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန အာရှဗိုဗီနမ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂ဝ၁၈ခုနှစ် (၅)ကြိမ်မြောက်၊ အရှေ့တောင်အာရှ ဗိုဗီနမ်ချန်ပီယံ ရှစ် (5th South East Asian Vovinam Championship 2018) ပြိုင်ပွဲအား ယနေ့ နံနက် (၉:ဝဝ)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓီအားကစားရုံ(A)၌ ကျင်းပရာ အတိုက်ပွဲစဉ် များအဖြစ် အမျိုးသားတစ်ဦးချင်း(72 Kg) ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း (68 Kg) ပြိုင်ပွဲ၊ အမျိုးသမီး (45 Kg) ပြိုင်ပွဲ၊ အပြ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၂)ယောက်တွဲ ဓါးအတိုက်ပြိုင်ပွဲ၊ အမျိုးသမီး လက်နက်မဲ့(၆)ယောက်တွဲပြိုင်ပွဲ၊ တစ်ကိုယ်တော်လက်အပြပြိုင်ပွဲ၊ အမျိုးသမီး(၄) ယောက်တွဲပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ကစားကြပါသည်။

အဆိုပါ ပြိုင်ပွဲများအပြီးဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသားတစ်ဦးချင်း (72 Kg))ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း(68 Kg) ပြိုင်ပွဲ၊ အမျိုးသမီး (45 Kg) ပြိုင်ပွဲ၊ အမျိုးသမီး (၂)ယောက်တွဲ ဓါးအတိုက်၊ အမျိုးသမီး လက်နက်မဲ့(၆)ယောက်တွဲပြိုင်ပွဲ၊ တစ်ကိုယ်တော်လက် အပြ ပြိုင်ပွဲ၊ အမျိုးသမီး(၄) ယောက်တွဲပြိုင်ပွဲများ တွင်ဆုရရှိသူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အာရှဗိုဗီနမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများမှလည်းကောင်း၊ ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၈)ခုနှင့် ကြေးတံဆိပ် (၁၅)ခုဖြင့် တတိယဆုရရှိသော ကမ္ဘောဒီးယားအသင်းအား အရှေ့တောင်အာရှဗိုဗီနမ်အဖွဲ့ချုပ် Mr. Nguen Bin Dinhမှလည်းကောင်း၊ ရွှေတံဆိပ် (၁ဝ)ခု၊ ငွေတံဆိပ်(၇)ခုနှင့် ကြေးတံဆိပ် (၁၃)ခုဖြင့် ဒုတိယ ဆုရရှိသွားသော မြန်မာအသင်းအား မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးနောင်မှ လည်းကောင်း၊ ရွှေတံဆိပ် (၁၁)ခု၊ ငွေတံဆိပ်(၁ဝ)ခုနှင့် ကြေးတံဆိပ် (၁)ခုဖြင့် ပထမဆုရရှိသွား သောဗီယက်နမ်အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။


back to top Eng