skip to content
 
နေပြည်တော်၊ စက်တင်ဘာလ(၈)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ တနသင်ာ္ရီတိုင်းဒေသကြီးအသင်းနှင့်မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ဂိုးမရှိသရေဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)တွင် မွန်ပြည်နယ် အသင်းနှင့်နေပြည်တော်အသင်းတို့ယှဉ်ပြိုင်ကြရာ မွန်ပြည်နယ်အသင်းမှ နေပြည်တော်အသင်းကို(၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်းဝဏ္ဏသိဒ္ဓိအားကစားကွင်း (၃)တွင် ကရင်ပြည်နယ် အသင်းနှင့်မကွေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ ကရင်ပြည်နယ် အသင်းမှမကွေးတိုင်းဒေသကြီးအသင်းကို(၄)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိ သွားပါသည်။
 
 
(၉.၉.၂ဝ၁၈)ရက်နေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၃)၌ ရခိုင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်း တို့သည် လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင်ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁) ၌ ရှမ်းပြည်နယ်အသင်း နှင့် ဧရာဝတီ တိုင်းဒေသကြီးအသင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ရန်ကုန်တိုင်း ဒေသကြီး အသင်းနှင့်ချင်းပြည်နယ်အသင်းတို့သည်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့်မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။
 

back to top Eng