skip to content
 
နေပြည်တော်၊ စက်တင်ဘာလ(၉)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ ကယားပြည်နယ်အသင်း နှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ကယားပြည်နယ် အသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၆)ဂိုး၊ (၃)ဂိုး ဖြင့်လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁)တွင် ဧရာဝတီ တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ ဧရာဝတီ တိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (၃)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ချင်းပြည်နယ်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားပါသည်။
 
 
(၁ဝ.၉.၂ဝ၁၈)ရက်နေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(၃)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည် လည်းကောင်း၊ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁) ၌ တနသင်ာ္ရီတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၃)၌ နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း တို့သည်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။
 

back to top Eng