Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အားကစားဒီပလိုမာဘွဲ့ ပေးအပ်နိုင်ရေးနှင့် နည်းပြသင်တန်းဖွင့်လှစ်နိုင်ရေး အားကစားပညာ ရပ်ဆိုင်ရာ ကော်မတီဖွဲ့စည်းနိုင်ရေးအစည်းအဝေးကျင်းပ
နေပြည်တော်၊ စက်တင်ဘာလ(၁၄)ရက်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ဦးဆောင်၍ အားကစားဒီပလိုမာဘွဲ့ ပေးအပ်နိုင်ရေးနှင့် နည်းပြသင်တန်းဖွင့်လှစ်နိုင်ရေး အားကစားပညာရပ်ဆိုင်ရာ ကော်မတီဖွဲ့စည်းနိုင်ရေး အစည်းအဝေးအား ယနေ့ နေ့လည် (၂)နာရီ အချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဒုတိယဝန်ကြီး မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားဒီပလိုမာဘွဲ့ ပေးအပ်နိုင်ရေးနှင့် နည်းပြသင်တန်းဖွင့်လှစ်နိုင်ရေး၊ အားကစားပညာရပ်ဆိုင်ရာ ကော်မတီဖွဲ့စည်းနိုင်ရေး အစည်းအဝေးကျင်းပရခြင်းမှာ အားကစားလောက အစဉ်အမြဲတိုးတက်လာစေရန် အရေးကြီးဆုံးအချက်ဖြစ်သည့် ပြည်တွင်း နည်းပြဆရာ ကောင်းများစွာရှိရန် လိုအပ်ကြောင်း၊ ပြည်တွင်းနည်းပြဆရာများတွင်ရှိသော ပင်ကိုအရည်အချင်းများ ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် အရည်အချင်းမြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်နိုင်ရန် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆိုပါ သင်တန်းများမှ ထူးချွန်ထက်မြက်သော နည်းပြဆရာကောင်းများကို ရွေးချယ်၍ နည်းစနစ် ပိုင်းဆိုင်ရာ အတွေ့အကြုံကောင်းများ ရရှိစေရန်အတွက် ပြည်ပသင်တန်းများသို့ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလိုစေလွှတ်ခြင်းအားဖြင့် အရည်အချင်းပြည့်ဝသော နည်းပြ ဆရာကောင်းများပေါ်ထွက်လာပြီး မျိုးဆက်သစ်အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အားကစားဒီပလိုမာသင်တန်းဖွင့်လှစ်မည်ဆိုပါက အနည်းဆုံး (၁) နှစ်ကာလအထိ ဖွင့်လှစ်ပြီးမှသာ ဒီပလိုမာဘွဲ့ ပေးအပ်သင့်ကြောင်းနှင့် ယခုအချိန်သည် မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးဆုံးအချိန်ဖြစ်သည့်အတွက် နည်းပြသင်တန်းများဖွင့်လှစ်မည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ နညး်ပြသင်တန်း ဖွင့်လှစ်နိုင်ရန် လျာထားချက်များကို ဆွေးနွေးတင်ပြရာတွင် သင်တန်းများကို ူနလနူ အဆင့်ခွဲခြား၍ ဖွင့်လှစ်ရန်ဆောင်ရွက်ထားပါကြောင်း၊ တက်ရောက်သင်ကြားမည့် သင််တန်း သားများကို သင်တန်းတွင် အရည်အချင်းဆန်းစစ်ချက်များပြုလုပ်ပြီး ရွေးချယ်မည် ဖြစ်ကြောင်း၊ သင်တန်းပြီးမြောက်ပါ ပိုမိုတိုးတက်မှုရှိ/မရှိစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ် ပါကြောင်း၊ အခြေခံကျသော နည်းပြအဆင့်သင်တန်းတွင် ဘာသာရပ်(၅) ခုဖြင့် အချိန်ကာလ (၁) လ သင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါသင်တန်းတက်ရောက် အောင်မြင် ပြီးသော နည်းပြများအား မိမိတို့သင်ယူတတ်မြောက်ထားသော နည်းစနစ်ပညာရပ်များ ဝေးကွာသွားခြင်းမရှိစေပဲ ပြန်လည်မျှဝေနိုင်ရန် စီမံထားရှိမှု အခြေအနေများအား ဆွေးနွေး တင်ပြကြပါသည်။
ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နည်းပြအရည်အချင်း မြှင့်သင်တန်းများအား အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးကို အားလုံးဝိုင်းဝန်းကြိုးစား သွားကြရန် အထူးတိုက်တွန်းမှာကြားရင်း အစည်းအဝေးအားရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။
7 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display