ရန်ကုန်၊ စက်တင်ဘာလ(၂၉ )ရက်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် မြန်မာ့စက်ဘီးအားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံးရွေးချယ်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် ပထမအကြိမ် ညီလာခံ နှင့် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁ဝ)နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြေက်ရေး ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်နှင့်အဖွဲ့ဝင်(၆)ဦး၊ အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဌ နှင့်အမှုဆောင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေး ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးအောင်ဒင်က အဖွင့်အမှာစကား ပြောကြား၍ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေးက မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ ပြောကြားပြီး တက်ရောက်လာကြသည့် အမျိုးသမီးအားကစားအဖွဲ့ချုပ်မှအဖွဲ့ဝင်များက အထွေထွေဆွေးနွေး တင်ပြခဲ့ကြသည်။
ဆက်လက်၍ ပထမအကြိမ် ညီလာခံနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကို မဲနှိုက်ရွေးချယ်ရာတွင် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဌ(၁)ဒေါ်ချိုချိုလွင်၊ ဒုတိယဥက္ကဌ(၂)ဒေါ်ရီရီဝင်း၊ ဒုတိယဥက္ကဌ(၃)ဒေါ်အေးအေးညွန့်၊ ဒုတိယဥက္ကဌ(၄)ဒေါ်ခင်ညို၊ အတွင်းရေးမှူး ဒေါ်အေးအေးရွှေနှင့် တွဲဘက်အတွင်းရေးမှူး (၁)ဒေါ်လဲ့လဲ့အေး၊ တွဲဘက်အတွင်းရေးမှူး(၂)ဒေါက်တာဖြူဇင်ခိုင်နှင့်အတူ အလုပ်အမှုဆောင် စုစုပေါင်း(၂၆)ဦးတို့အား စက်တင်ဘာလ(၂၉)ရက်တွင် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်ကြောင်း သိရှိရသည်။