skip to content
 
 
 
နေပြည်တော်၊ အောက်တိုဘာလ(၅)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့ နံနက်(၇) နာရီမှစတင်ပြီး နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
 
ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီး မီတာ(၈ဝဝ)အပြေး၊ အမျိုးသား /အမျိုးသမီး မီတာ(၁ဝဝ)အပြေး၊ အမျိုးသား/အမျိုးသမီးတန်းမြင့်ခုန်၊ အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန်၊ အမျိုးသား/အမျိုးသမီး လှံတံပစ်၊ အမျိုးသား/ အမျိုးသမီးမီတာ(၄ ထ ၄ဝဝ) လက်ဆင့်ကမ်းပြိုင်ပွဲ များကို ပွဲစဉ်အလိုက် ယှဉ်ပြိုင်ကစားကြပါသည်။
 
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ ကျော်ဇေယျ(စစ်ကိုင်း)၊ ဒုတိယ သန်းသန်းစိုး(တနင်္သာရီ) ၊ တတိယ ရဲလင်းထွဋ် (ဧရာဝတီ)၊ အမျိုးသမီးသုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ ဖြူဖြူထွေး( တနင်္သာရီ)၊ ဒုတိယ လပြည့်ဝင်း(ပဲခူး) ၊ တတိယ ခင်စံပယ်ဦး (ကရင်)၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲတွင်  ပထမ ဝေယံစိုး(တနင်္သာရီ)၊ ဒုတိယ ကျော်ကျော်ဦး (မကွေး)၊ တတိယ ကျော်ဇေယျအောင်(မန္တလေး)၊ အမျိုးသားမီတာ(၁ဝဝ)ပြိုင်ပွဲတွင် ပထမ ဟိန်းကျော်(မန္တလေး)၊ ဒုတိယ ခွန်ခွန်(ကရင်)၊ တတိယ ကျော်ထိုက်(တနင်္သာရီ)၊ အမျိုးသမီး မီတာ(၁ဝဝ)ပြိုင်ပွဲတွင် ပထမ မြသဉ္ဇာဝင်း(မန္တလေး)၊ ဒုတိယ ဇာဇာမိုး(တနင်္သာရီ)၊ တတိယ ရတနာမိုးမြင့် (ရခိုင်)၊ အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ နန်းအိစိုး(စစ်ကိုင်း)၊ ဒုတိယ ရှင်းသီရိစိုး(တနင်္သာရီ)၊ တတိယ အေးယုလင်း(မကွေး)၊ အမျိုးသားသုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ ရဲနိုင်(စစ်ကိုင်း)၊ ဒုတိယ အောင်နိုင်လင်း(တနင်္သာရီ)၊ တတိယ စောခင်ဇော်(ကရင်)၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် ပထမ ဆွေဇင်အောင်(တနင်္သာရီ)၊ ဒုတိယ ချောချောခင်(စစ်ကိုင်း)၊ တတိယ ဝေလွင်(မကွေး)၊ အမျိုးသား မီတာ(၈ဝဝ)ပြိုင်ပွဲတွင် ပထမ မင်းမင်းဇော်(မန္တလေး)၊ ဒုတိယ တင့်ခိုင်ရွှေ (မကွေး)၊ တတိယ ကျော်မင်းဦး (မွန်)၊ အမျိုးသမီး မီတာ(၈ဝဝ)ပြိုင်ပွဲတွင် ပထမ ခင်မာထွေး (တနင်္သာရီ)၊ ဒုတိယ အိသက်မွန် (ရှမ်း)၊ တတိယ ထူးထူးအောင်(စစ်ကိုင်း)၊ အမျိုးသား မီတာ(၄ x ၄ဝဝ) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ (မန္တလေးတိုင်းဒေသကြီးအသင်း)၊ ဒုတိယ (တနင်္သာရီတိုင်းဒေသကြီးအသင်း)၊ တတိယ (မကွေးတိုင်းဒေသကြီးအသင်း)၊ အမျိုးသမီး မီတာ (၄ x ၄ဝဝ) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ (တနင်္သာရီတိုင်းဒေသကြီးအသင်း)၊ ဒုတိယ(စစ်ကိုင်းတိုင်းဒေသကြီးအသင်း)၊ တတိယ (မကွေးတိုင်းဒေသကြီးအသင်း) တို့မှ ဆုများအသီးသီးရရှိခဲ့ပြီး အဆိုပါဆုများအား  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။  
 
ဆက်လက်၍ အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဆုဖလားရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။
 
 
 
 
အမျိုးသားတန်းမြင့်ခုန်ပြိုင်ပွဲတွင် ၂ဝ၁၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ အောင်လင်းထွန်း (စစ်ကိုင်း) ရရှိခဲ့သော စံချိန်၁.၈ဝမီတာကို ကျော်လွန်၍ ယခုပြိုင်ပွဲတွင် ကျော်ဇေယျ (စစ်ကိုင်း)မှ စံချိန်၁.၈၁မီတာဖြင့် စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်းသိရှိရပါသည်။
 
အမျိုးသားမီတာ(၈ဝဝ)အပြေးပြိုင်ပွဲတွင် မင်းမင်းဇော် (မန္တလေး) မှ ၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် မီတာ(၈ဝဝ)အပြေးပြိုင်ပွဲတွင် ရရှိခဲ့သော ၁မိနစ်၅၉ဒသမ၆ဝစက္ကန့် စံချိန်ထက်ကျော်လွန်ပြီး ယခုပြိုင်ပွဲတွင်ထပ်မံ၍ ၁မိနစ်၅၈ဒသမ၅၁စက္ကန့်ဖြင့် စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

back to top Eng