Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွှတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် တင်းနစ်နည်းပြ သင်တန်း(အဆင့်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာလ (၈) ရက်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်း ညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် တင်းနစ်နည်းပြသင်တန်း(အဆင့်-၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း
Multipurpose Hall
၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်၊ အပြည်ပြည်ဆိုင်ရာ တင်းနစ် အဖွဲ့ချုပ်
(ITF)
မှ တာဝန်ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ မလေးရှားနိုင်ငံမှ
Mr.Suresh Menon
၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတင်းနစ် အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းလွင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် မှ သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အားကစား ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများကို ရေတိုရေရှည် စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမခြေလှမ်းအဖြစ် အရှေ့တောင်အာရှ နိုင်ငံများ အလယ်တွင် ဗိုလ်စွဲအနိုင်ရရှိရေးအတွက် ဦးစွာကြိုးစားရမှာဖြစ်ပါကြောင်း၊ ထိုမှတဆင့် အာရှအဆင့် အားကစားပြိုင်ပွဲများအထိ အောင်မြင်မှုများရရှိရေးနှင့် နောက်ဆုံးတွင် ကမ္ဘာ့နိုင်ငံများ အလယ်တွင် အောင်မြင်မှုရရှိအောင် ဆင့်ကဲဆင့်ကဲ ကြိုးစားရမှာဖြစ်ပါကြောင်း၊ ယနေ့မျက်မှောက်ခေတ် နိုင်ငံတကာ အားကစားအဆင့်အတန်းများ၊ အားကစားလှုပ်ရှားမှုများကို လေ့လာသုံးသပ်ကြည့်ပါက အနောက်နိုင်ငံများ၏ အားကစားအဆင့်အတန်း၊ အာရှနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ အားကစား အဆင့်အတန်းတို့သည် ယှဉ်လို့မရအောင် ကွာခြားချက်များရှိနေကြောင်း၊ ထိုကွာခြား ချက်၊ ခြားနားချက်၊ မညီမမျှချက်များကို အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့် အပြည်ပြည် ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ အတတ်နိုင်ဆုံး နီးစပ်ညီမျှသွားအောင် ကြိုးပမ်းဆောင်ရွက် ပေးနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ပြီး အောင်မြင်မှုရရှိရန်အတွက် ထူးချွန် ထက်မြက်သော အားကစားသမားများ ရှိရုံမျှမက ထူးချွန်သော နည်းပြများရှိဖို့ လိုအပ်ပါကြောင်း၊ အားကစားသမားများရဲ့ ငယ်စဉ်ဘဝ အားကစားကို စတင် လိုက်စားကာစတွင် အခြေခံကောင်းများအား နည်းစနစ်တကျ၊ မှန်မှန်ကန်ကန် သင်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်းကို ယခုထက်ပိုမိုမြင့်မား လာစေရန်အတွက် တာဝန်ရှိသူများမှ ဝိုင်းဝန်း ထိန်းသိမ်း ကြိုးစား ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းလျက် ခေတ်မီတိုးတက်ပြီး သိပ္ပံနည်းကျသော နည်းစနစ်၊ နည်းဗျူဟာများကို မျက်ခြေ မပြတ်အောင် ပြည်တွင်းသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး မြန်မာနိုင်ငံမှ နည်းပြ၊ ဒိုင် များကိုလည်း ပြည်ပနိုင်ငံများသို့ နိုင်ငံတကာ အတွေ့အကြုံများကို ရရှိအောင် စေလွှတ်လျက် ရှိပါကြောင်း၊ ယခုသင်တန်းတွင် ပို့ချမည့် အားကစားဆိုင်ရာ သင်ခန်းစာများကို မိမိတို့တွင်ရှိသော အတွေ့အကြုံကောင်းများနှင့် ပေါင်းစပ်အသုံးချပြီး မိမိနိုင်ငံ၏ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်အောင် ပြုစုပျိုးထောင်ပေးပြီး အရည်အသွေး ပြည့်ဝသော နည်းပြကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ တင်းနစ် အဖွဲ့ချုပ်မှ
(ITF)
မှ တာဝန်ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ မလေးရှားနိုင်ငံမှ
Mr.Suresh Menon
နည်းပြများအား တင်းနစ်အားကစားနည်းကို ယခုသင်တန်းမှတဆင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၄)ဦးဖြင့် (၈.၁ဝ.၂ဝ၁၈)ရက်နေ့မှ (၁၉.၁ဝ.၂ဝ၁၈)ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
10 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display