skip to content
 
မကွေး၊ အောက်တိုဘာ ၅
 
မကွေးတိုင်းဒေသကြီးအတွင်းခရိုင်(၅)ခုမှအခြေခံပညာ ​ကျောင်းသူလေးများဖြင့်ဖွဲ့စည်းယှဉ်ပြိုင်သည့် အေရိုးဗစ် ပြိုင်ပွဲနှင့်ဆုပေးပွဲကိုမကွေးမြို့၊ မိုးလုံလေလုံအားကစားကွင်း၌ အောက်တိုဘာလ ၅ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့​ကြောင်​းသိရသည်​။
 
အဆိုပါဆု​ပေးပွဲတွင် ​တံခွန်စိုက်ဒိုင်းဆုကြီးရရှိခဲ့သည့် မကွေးခရိုင်အသင်း နှင့် ဆုရအသင်းများအား အစိုးရအဖွဲ့လူမှုရေး၀န်ကြီး၏ဇနီး ဒေါ်အေးအေး၀င်း နှင့် တာ၀န်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ အကြီးတန်း ၉ဦးတွဲ ၊ အကြီးတန်း ၃ဦးတွဲ ၊ အကြီးတန်း တစ်ဦးချင်း နှင့် အငယ်တန်း ၉ဦးတွဲ အေရိုးဗစ်ပြိုင်ပွဲ များတွင် မကွေး ၊ မင်းဘူး ၊ ဂန့်ဂေါ ၊ ပခုက်ကူ နှင့် သရက်ခရိုင်များမှကျောင်းသူလေးများ၀င်ရောက်ယှဉျပြိုင်ခဲ့ပြီး မကွေးခရိုင် ကျောင်းသူလေးများက Myanmar Fitness Dance ဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။
 
“ ပထမဆုရတဲ့ကလေးတွေကို နို၀င်ဘာလမှာ ကျင်းပမယ့် ပြည်နဲ့တိုင်းပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆက်ပြီး လေ့ကျင့်ပေးသွားမှာပါ။ အခြေခံပညာကျောင်းက က​လေးတွေပါ၀င်တာဖြစ်တဲ့အတွက်အားကစားရဲ့သဘောသဘာ၀နဲ့အကျိုး ကျေးဇူးတွေ အပေါ်မှာ ကလေးတွေပိုစိတ်၀င်စားမယ်။ ကျောင်းတွေမှာလည်း ဟောပြောပွဲတွေ ၊ သရုပ်ပြပွဲတွေ ဆက်လုပ်သွားဖို့ ရှိပါတယ် ” ဟု ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီးအားကာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးထွဋ် က ပြောသည်။
 
မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နှင့်မကွေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန တို့ ပူးပေါင်းကျင်းပသည့်အေရိုးဗစ်ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ နှင့် နှစ်သိမ့်ဆု စုစုပေါင်း (၁၆)ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
 
 
#Credict ဘိုသူ ( မေကြး)

back to top Eng