Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
(၃)ကြိမ်မြောက်အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရမြန်မာ့လက်ရွေးစင်မသန်စွမ်း အားကစားအဖွဲ့အား ဂုဏ်ပြု
ရန်ကုန်၊အောက်တိုဘာလ( ၂၁ )ရက်။
အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့တွင်အောက်တိုဘာ (၆)ရက်မှ (၁၃)ရက်နေ့အထိကျင်းပပြုလုပ်သည့် (၃)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိသော နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများနှင့် နည်းပြများ အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည(၆)နာရီက ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ
M3 Food Center
၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဌ ဗိုလ်မှူးချုပ်ဝင်းလွင်၊ ဒုတိယဥက္ကဌ ဦးမျိုးမြင့်နှင့်အမှုဆောင်များ၊ အောင်ပွဲရမြန်မာ့လက်ရွေးစင်မသန်စွမ်းအားကစားသမားများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယ ဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုအမှာစကားပြောကြား၍လည်းကောင်း၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဌ ဗိုလ်မှူးချုပ်ဝင်းလွင် က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အဖွဲ့အဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကြ ဦးမျိုးမြင့် က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မီတာ(၅ဝ) နောက်ပြန်ကူးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရကျော်ထူးနှင့် မီတာ(၁ဝဝ) နောက်ပြန်ကူးငွေတံဆိပ်ဆုရ အောင်မြင့်မြတ်၊ မျက်မမြင်စစ်တုရင်တစ်ဦးချင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရကောင်းစံနှင့် မျက်မမြင်စစ်တုရင်အသင်းလိုက်ပြိုင်ပွဲတွင်ငွေတံဆိပ်ဆုရကောင်းစံ၊ မျိုးဆန်းအောင်နှင့်သန်းဌေးတို့အား ငွေတံဆိပ်(၁)ခုလျှင်ငွေကျပ်သိန်း(၃ဝ)စီအား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် က ရေကူးမီတာ(၅ဝ)အလွတ်ကူးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရ အောင်မြင့်မြတ်နှင့် မီတာ(၁ဝဝ) ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရ အောင်ငြိမ်းဦး တို့အား ဂုဏ်ပြုဆုငွေကျပ် (၂ဝ)သိန်း စီနှင့် နည်းပြဆရာများ အား တစ်ဦးလျင်ငွေကျပ်(၅)သိန်း နှုန်းဖြင့် နည်းပြ(၃)ဦးအတွက် ကျပ်(၁၅)သိန်း တို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အောင်ပွဲရမြန်မာ့လက်ရွေးစင်မသန်စွမ်းအဖွဲ့နှင့် အာရှအဆင့် (၇)မှ အဆင့်(၅)သို့ တက်လှမ်းနိုင်ခဲ့သော ထိုင်လျက်ဘော်လီဘောအသင်းတို့အတွက် အလှူရှင်အသီးသီးက ဂုဏ်ပြုဆုငွေကျပ် (၁၃၂)သိန်းကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဌ ဗိုလ်မှူးချုပ်ဝင်းလွင် ကလက်ခံရယူခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့မှဆုရရှိသူတစ်ဦး က ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါဂုဏ်ပြုပွဲတွင် ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၂)ခုရရှိသော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများအား ငွေတံဆိပ်(၁)ခုလျင်ကျပ်သိန်း(၃ဝ)၊ ကြေးတံဆိပ်တစ်ခုလျင်ကျပ်သိန်း(၂ဝ)၊ နည်းပြတစ်ဦးလျင်ကျပ်(၅)သိန်းစီဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၇၅) သိန်းဖြစ်ကြောင်းသိရှိရသည်။
11 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display