skip to content
 
 
ရန်ကုန်၊ နို၀င်ဘာလ( ၇ )ရက်။
 
၂၀၁၈ခုနှစ်၊ သတ္တမအကြိမ်မြောက် အရှေ့တောင်အာရှတံခွန်စိုက်မြားပစ်ပြိုင်ပွဲ 7th South East Asian Open Archery Championship-2018 ပြိုင်ပွဲ  မြန်မာအသင်းရွှေ(၁၀)ခု၊ ငွေ(၆)ခု၊ ကြေး(၇)ခုဖြင့် နိုင်ငံအလိုက်ပထမရရှိကို ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံမြားပစ်ကွင်း ဂိတ်အမှတ်(၅)၌ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ နာယက ဒေါ်ခင်မျိုးနွယ်က အမျိုးသမီး Compound တစ်ဦးချင်း အမှတ်ပေးပြိုင်ပွဲတွင် ပထမဆုရ (ထိုင်း)မှ Nareumon Junsook ၊ ဒုတိယဆုရ(ထိုင်း)မှ Kanyavee  Manee  Sombadkul နှင့် တတိယဆုရ (လာအို)မှ  Phone Kamkeo    တို့အားဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ နာယက ဒေါ်ထွေးထွေး၀င်း က အမျိုးသမီးတစ်ဦးချင်းရှုံး/ထွက် Recurve  ပြိုင်ပွဲတွင် ပထမဆုရ (ဟောင်ကောင်)မှ Lee Shuk Kwan ၊ ဒုတိယဆုရ(မြန်မာ)မှပြည့်စုံနှင်းနှင့် တတိယဆုရ (ဟောင်ကောင်)မှ Cheng  Ching Yi    တို့အားဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊  Judge  Chairman  of World  Arechery  ASSA မှ Mr. Frankie  Hoong Mau Sui  က အမျိုးသားတစ်ဦးချင်းရှုံး/ထွက် Recurve ပြိုင်ပွဲတွင် ပထမဆုရ (ဘင်္ဂလာဒေ့ရှ်)မှ MD. Emdadul  Haque  Milon ၊  ဒုတိယဆုရ(ထိုင်း)မှ Denchai  Thepna နှင့် တတိယဆုရ (မြန်မာ)မှ   ထိုက်လင်းဦး တို့အားဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်ဒုတိယဥက္ကဌဦးတောက်ထွန်းက အမျိုးသားတစ်ဦးချင်းရှုံး/ထွက် Compound   ပြိုင်ပွဲတွင် ပထမဆုရ  (မြန်မာ)မှဇင်သူရိန်မှူး၊  ဒုတိယဆုရ(ဟောင်ကောင်)မှ  Tsui Chun  Kit နှင့် တတိယဆုရ (လာအို)မှ Lot Outtaliyang တို့အားဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာမြတ်သူရစိုး က အမျိုးသမီးတစ်ဦးချင်းရှုံး/ထွက် Compound ပြိုင်ပွဲတွင် ပထမဆုရ  (ထိုင်း)မှ Kan Yuavee Manee Sombatkul ၊  ဒုတိယဆုရ(မြန်မာ)မှ  ခက်ခက်တုံ နှင့် တတိယဆုရ (ထိုင်း)မှ    Nareumon Junsook တို့အားဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ Vice President and Secretary General of SEAAF, Maji. (Rtd) Baharuddi Jamil  က အမျိုးသားအသင်းလိုက်ရှုံး/ထွက် Recurve ပြိုင်ပွဲတွင် ပထမဆုရ  (မြန်မာ-က)အသင်း၊  ဒုတိယဆုရ(ထိုင်း)အသင်းနှင့်တတိယဆုရ (မြန်မာ-ခ)အသင်း   တို့အားဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် က အမျိုးသားအသင်းလိုက်ရှုံး/ထွက် Compound  ပြိုင်ပွဲတွင် ပထမဆုရ  (ဟောင်ကောင်)အသင်း၊  ဒုတိယဆုရ(လာအို)အသင်းနှင့်တတိယဆုရ (မြန်မာ)အသင်း   တို့အားဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊Vice President of World Archery & President of SEAAF  Mr. Sanguan Kosavinta  က အမျိုးသမီးအသင်းလိုက်ရှုံး/ထွက် Compound  ပြိုင်ပွဲတွင် ပထမဆုရ  (ထိုင်း)အသင်း၊  ဒုတိယဆုရ(မြန်မာ)အသင်းနှင့်တတိယဆုရ (လာအို)အသင်း   တို့အားဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ နာယက ဒေါ်နန်းအေးခိုင် က Compound Mixed Team    ရှုံး/ထွက်ပြိုင်ပွဲတွင် ပထမဆုရ  (မြန်မာ)အသင်း၊  ဒုတိယဆုရ(ဟောင်ကောင်)အသင်းနှင့်တတိယဆုရ (လာအို)အသင်း   တို့အားဆုများကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌကိုယ်စား  ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက Recurve Mixed Team ရှုံး/ထွက်ပြိုင်ပွဲတွင် ပထမဆုရ (မြန်မာ)အသင်း၊ ဒုတိယဆုရ(ဘင်္ဂလာဒေ့ရှ်)အသင်းနှင့်တတိယဆုရ (ဟောင်ကောင်)အသင်း   တို့ကိုလည်းကောင်း၊ နိုင်ငံအလိုက် ရွှေ(၁၀)ခု၊ ငွေ(၆)ခု၊ ကြေး(၇)ခုဖြင့်ပထမဆုရရှိသွားသော  မြန်မာ အသင်းအား ဆုဖလားနှင့်အတူအမေရိကန်ဒေါ်လာ(၅၀၀)၊ ရွှေ(၄)ခု၊ ငွေ(၅)ခု၊ ကြေး(၁)ခု ဖြင့် ဒုတိယဆုရရှိသွားသော ထိုင်းအသင်းအား ဆုဖလားနှင့်အတူအမေရိကန်ဒေါ်လာ(၂၅၀)နှင့် ရွှေ(၃)ခု၊ ငွေ(၃)ခု၊ ကြေး(၅)ခုဖြင့် တတိယဆုရရှိသွားသော ဟောင်ကောင်အသင်းတို့အား ဆုဖလားနှင့်အတူ အမေရိကန်ဒေါ်လာ(၁၀၀)တို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
 

back to top Eng