skip to content
 
 
နေပြည်တော်၊ နို၀င်ဘာလ(၉)ရက်။
 
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရဖွင့်လှစ်သည့် ဘော်လီဘောနည်းပြသင်တန်း(အဆင့်-၂) သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့ ညနေ(၄)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ  (B)ရုံ၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာဘော်လီဘောအဖွဲ့ချုပ်(FIVB)မှတာ၀န်ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Mr.Shameem AI MAMUM၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့၀င်များ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ သင်တန်းသို့တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
 
  
 
ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယခုသင်တန်းကို တက်ရောက်ခဲ့ကြသော သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိခဲ့သော အသိပညာ၊ အတတ်ပညာများကို မိမိတို့တွင်ရှိသော အတွေ့အကြုံကောင်းများနှင့် ဆက်စပ်ပေါင်းစပ်ပြီး နိုင်ငံတော်၏ ဘော်လီဘောအားကစားတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိ ထိထိရောက်ရောက် ပြန်လည်ကျင့်သုံး လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ အားကစားတိုးတက်မြှင့်တင်ရေးလုပ်ငန်းတာ၀န်များကို အမျိုးသားရေးလုပ်ငန်းတာ၀န်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ဝိုင်း၀န်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
 
 
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာဘော်လီဘောအဖွဲ့ချုပ်(FIVB) မှတာ၀န်ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Mr.Shameem AI MAMUM သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။
 
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်က သင်တန်းသားများကိုယ်စား သင်တန်းသားခေါင်းဆာင်သို့ IOC/OS မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
 
ဆက်လက်၍ Mr.Shameem AI MAMUM က သင်တန်းသားများကိုယ်စား သင်တန်းသား ခေါင်းဆာင်သို့ (FIVB)မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်မှ သင်တန်းတွင် သင်ကြား ပို့ချပေးသော အပြည်ပြည်ဆိုင်ရာ ဘော်လီဘောအဖွဲ့ချုပ် (FIVB)မှ တာ၀န်ပေးအပ်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Mr.Shameem AI MAMUMအား အမှတ်တရလက်ဆောင်ပစ္စည်းများကိုပေးအပ်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng