skip to content
 
 
နေပြည်တော်၊ နို၀င်ဘာလ(၁၁)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ကျင်းပသော ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းများ၌ကျင်းပပြုလုပ်ရာ ကွင်းအမှတ်(၄)တွင် အမျိုးသားအုပ်စုပွဲစဉ်များအဖြစ် ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ဧရာ၀တီတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ကွင်းအမှတ်(၁)တွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 
အမျိုးသမီးပွဲစဉ်များအဖြစ် ကွင်းအမှတ်(၃)တွင် ကယားပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ ကယားပြည်နယ်အသင်းမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ တင်းနစ်လေ့ကျင့်ရေးကွင်းဘေးတွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ မကွေးတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ကယားပြည်နယ်အသင်းနှင့် တနင်္သာရီအသင်းတို့ယှဉ်ပြိုင်ရာ ကယားပြည်နယ်အသင်းမှလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
 
 
အဆိုပါ ၂၀၁၈ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်ခရစ်ကက်ပြိုင်ပွဲကို (၉.၁၁.၂၀၁၈)ရက်နေ့မှ (၁၄.၁၁.၂၀၁၈)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းများတွင် ယှဉ်ပြိုင်ကစားလျက်ရှိပြီး (၁၂.၁၁.၂၀၁၈)ရက်နေ့တွင် အမျိုးသားကွာတားပွဲစဉ်နှင့် အမျိုးသမီးအုပ်စုပတ်လည်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသောမိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
 

back to top Eng