skip to content
 
 
လွိုင်ကော်မြို့နိုဝင်ဘာ(၁၁)ရက်။
 
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူပြုစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြနှင့်ကျေးရွာများပြိုင်တူဖွံ့ဖြိုးတိုးတက်စေရန် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက်သာမက မြို့များ၊ ကျေးရွာအုပ်စုများ၊ ကျေးရွာများပါမကျန်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် အုပ်ချုပ်မှုအဖွဲ့အစည်းများ၏ စည်းရုံးလှုပ်ရှားမှု၊ ပြည်သူလူထုများကျောင်းသားကျောင်းသူများ၏ စိတ်ပါဝင်စားစွာတစ်ခဲနက်ပါဝင်လှုပ်ရှားမှုတို့ဖြင့် လူထုလမ်းလှျောက်ပွဲများ၊အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပလျက်ရှိရာ ယနေ့နံနက် (၅:၄၅)နာရီချိန်တွင် ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်၊လွိုင်လင်လေးမြို့တွင် လူထုစုပေါင်းလမ်းလျောက်ပွဲကျင်းပပြုလုပ်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ သံယံဇာသနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးတီရယ် ပါဝင်ဆင်နွဲလမ်းလျှောက်ခဲ့သည်။
 
ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စုရုံးခဲ့ကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ သံယံဇာသနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးတီရယ်မှ သေနတ်ပစ်ဖောက်ကာစတင်လမ်းလှျောက်ခဲ့ကြရာ အုပ်ချုပ်ရေးမှူးရုံးရှေ့ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးအတိုင်း၊ ထိုမှသဆင့်မီးသတ်ရုံးရှေ့မှ မြို့တွင်းကိုဖြတ်၍ ထီးစဲခါးဘုန်းကြီးကျောင်းအနီး ၊ထိုမှတဆင့် လာလမ်းအတိုင်းပြန်လည်လမ်းလျှောက်၍ လွိုင်လင်လေးအခြေခံပညာအထက်တန်းကျောင်းသို့ (၆:၃၀)အချိန်တွင် ပန်းဝင်ခဲကြပြီးကိုယ်ကာယလေ့ကျင့်ခန်း အတွဲအမှတ်(၁)၊(၂)နှင့် ဇွန်ဘာအားကစားလေ့ကျင်ခြင်းတို့ကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
 
 
 
လူထုစုပေါင်းလမ်းလျောက်ပွဲသို့ ပါဝင်ဆင်နွဲကြသူများအား မြို့နေစေတနာရှင်များကလမ်းလျှောက်ရာလမ်းတစ်လျှောက်တွင်လည်းကောင်း၊ လေ့ကျင့်ခန်းများပြုလုပ်ပြီးချိန်တွင်လည်းကောင် မုန့်များ၊ကော်ဖီများ ဝေမျှခဲ့ကြပြီး လေ့ကျင့်ခန်းများပြုလုပ်ပြီးချိန်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဆက်လက်ပြုလုပ်ပေးခဲ့သည်။
 
အဆိုပါ လူထုလမ်းလျှောက်ပွဲကို ကယားပြည်နယ်အစိုးရအဖွဲ့ သံယံဇာသနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးတီရယ် မှဦးဆောင်၍ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွိုင်လင်လေးမြို့အုပ်ချုပ်ရေးမှူးနှင် ဌာနဆိုင်ရာများ ပြည်သူများ၊ကျောင်းသားကျောင်းသူများ အင်အား(၁၈၀၀)ကျော်ပါဝင်ဆင်နွဲခဲ့ကြပါသည်။

back to top Eng