skip to content
 
 
ရန်ကုန်၊ နို၀င်ဘာလ(  ၁၂   )ရက်။
 
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် လက်ခံကျင်းပသည့် WORLD  BILLIARDS & SNOOKER CHAMPIONSHIP-2018  ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲ(၂၀၁၈)ပြိုင်ပွဲကို နို၀င်ဘာလ(၁၂)ရက်နေ့မှ (၂၇)ရက်နေ့ အထိ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ Grand Mercure Hotel ၌ ပထမနေ့ ဘိလိယက်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက စတင်ကျင်းပခဲ့သည်။
 
  
 
ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲတွင် ပထမနေ့ပြိုင်ပွဲအဖြစ် Billiards (150up) ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား(၈)ဦး၀င်ရောက်ယှဉ်ပြိုင်ကြပြီး Thawat Sujaritthura karn(ထိုင်း)က Nam Pham (ဗီယက်နမ်)ကို (၃ပွဲ၊၁ပွဲ)ဖြင့်လည်းကောင်း၊  Pankaj Advani  (အိန္ဒိယ)က  ပေါက်စ (မြန်မာ)အား (၃ပွဲ၊ ၁ပွဲ)ဖြင့်လည်းကောင်း၊  Mike Russell  (အင်္ဂလန်)က ဇော်သန်းထိုက်(မြန်မာ)အား(၃ပွဲ၊၁ပွဲ) ဖြင့်လည်းကောင်း၊ Dhvaj  Haria (အိန္ဒိယ) Aekravee Angkam(ထိုင်း)အား (၃ပွဲ၊ ၁ပွဲ) ဖြင့်လည်းကောင်း၊ Rupesh Shah (အိန္ဒိယ)က ဆန်းမြင့် (မြန်မာ)အား (၃ပွဲ၊ ၁ပွဲ)ဖြင့်လည်းကောင်း၊ နေသွေးဦး (မြန်မာ)က Aidan Murray (အိုင်ယာလန်) အား (၃ပွဲ၊၁ပွဲ) ဖြင့်လည်းကောင်း၊ Peter Gilchrist  (စင်ကာပူ)က Hwang chulho (တောင်ကိုရီးယား)ကို (၃ပွဲ၊၂ပွဲ)ဖြင့်လည်းကောင်း၊ အောင်ဆန်းဦး(မြန်မာ)က Long Nguyen (ဗီယက်နမ်)ကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ David  Causier (အင်္ဂလန်)က Karthik Ramaswamy (စင်ကာပူ)ကို (၃ပွဲ)ပြတ်ဖြင့်လည်းကောင်း၊  ချစ်ကိုကို(မြန်မာ)က Kien Nguyen (ဗီယက်နမ်)ကို  (၃ပွဲ)ပြတ်ဖြင့်လည်းကောင်း၊ Siddharth Parikh (အိန္ဒိယ)က Kian Sang Fan (စင်ကာပူ)အား (၃ပွဲ)ပြတ်ဖြင့်လည်းကောင်း၊ အောင်ဌေး(မြန်မာ)က Gary Norman (အင်္ဂလန်)အား (၃ပွဲ)ပြတ်ဖြင့်လည်းကောင်း၊ Robert Hall   (အင်္ဂလန်)က ခင်မောင်ဦး (မြန်မာ)အား (၃ပွဲ၊ ၁ပွဲ)ဖြင့်လည်းကောင်း၊  Bhaskar  Balachandra  (အိန္ဒိယ)က Binh Nguyen (ဗီယက်နမ်) ကို (၃ပွဲ)ပြတ်ဖြင့်လည်းကောင်း၊ မင်းစည်သူထွန်း(မြန်မာ)က Sourav Kothari (အိန္ဒိယ)အား (၃ပွဲ၊၁ပွဲ)ဖြင့်လည်းကောင်း၊ Pankaj Advani (အိန္ဒိယ)က Nam Pham (ဗီယက်နမ်)ကို (၃ပွဲ)ပြတ်ဖြင့်လည်းကောင်း၊ Mike Russell (အင်္ဂလန်)က Aekravee Angkam (ထိုင်း)ကို (၃ပွဲ)ပြတ်ဖြင့် လည်းကောင်း၊ Dhvaj Haria (အိန္ဒိယ)က ဇော်သန်းထိုက် (မြန်မာ)အား (၃ပွဲ)ပြတ်ဖြင့် လည်းကောင်း၊ နေသွေးဦး(မြန်မာ)က ဆန်းမြင့်(မြန်မာ)ကို (၃)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ပေါက်စ(မြန်မာ)က Thawat  Sujarithrakarn (ထိုင်း)ကို  (၃ပွဲ၊၂ပွဲ) ပြတ်ဖြင့်လည်းကောင်း၊ Rupesh Shah(အိန္ဒိယ)က Aiden Murray (အိုင်ယာလန်)အား (၃ပွဲ)ပြတ် ဖြင့်လည်းကောင်း၊ Alok Kumar (အိန္ဒိယ)က အောင်ဆန်းဦး (မြန်မာ)အား (၃ပွဲ)ပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိထားကြပြီး ပြိုင်ပွဲများကို နို၀င်ဘာလ(၁၃)ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအိမ်ရှင်အဖြစ်ကျင်းပသည့် ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲသို့ မြန်မာအသင်းယှဉ်ပြိုင်မှုအား မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသတင်းရရှိသည်။
 

back to top Eng