skip to content
 
ရန်ကုန်၊ နိုဝင်ဘာလ(  ၂၂   )ရက်။
 
၂ဝ၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီအစည်းအဝေး (2nd SEAGF  Council  Meeting )   ကို နိုဝင်ဘာလ (၂၃)ရက်နေ့ မှ (၂၅)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ပြုလုပ်မည်ဖြစ်ရာ  ၄င်းအစည်းအဝေးသို့  တက်ရောက်ရန်အတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် ဦးဆောင်သည့် မြန်မာအားကစား ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုင်အိုလီဗာယင်းဝှါထောင်လွယ် နှင့် မြန်မာနိုင်ငံအိုလံပစ် ကော်မတီတွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင် တို့ သည် ယနေ့နံနက်(၉)နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ဖိလစ်ပိုင်နိုင်ငံသို့ထွက်ခွာသွားရာ  ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဌ ဦးသစ္စာနှင့် တာဝန်ရှိ သူများက  ပို့ဆောင်နှုတ်ဆက်ကြသည်။
 
၂ဝ၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃ဝ)ကြိမ်မြောက်အရှေ့တောင် အာရှအားကစား ပြိုင်ပွဲတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အားကစားနည်းများ နောက်ဆုံးအဆင့်အတည်ပြု ထုတ်ပြန်နိုင်ရေး၊ အားကစားအုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံနိုင်ငံများမှ ထည့်သွင်းကျင်းပလိုသည့် အားကစားနည်းများကို အိမ်ရှင်နိုင်ငံမှ အတည်ပြုထည့်သွင်း ကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံမှ အားကစားကိုယ်စားလှယ် အဖွဲ့မှာလည်း မိမိတို့နိုင်ငံ အနေဖြင့် အိမ်ရှင်မှ သတ်မှတ် အတည်ပြုသည့် အားကစားနည်းများ အပြင်၊ မပါဝင်သေးသည့် အားကစားနည်းများ ထည့်သွင်းကျင်းပ နိုင်ရေးများကို ယခုပြုလုပ်မည့် SEAGF အစည်းအဝေးတွင် အဓိကထားဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကျင်းပနိုင်ရေး၊ အားကစား ကွင်း/အားကစားရုံများ ကြိုတင်ပြီးစီးမှု အခြေအနေများနှင့် အားကစားသမားများ ဆေးဘက်ဆိုင်ရာ တားမြစ်ဆေး Dopey ကင်းစင်ရေးစသည့် ကိစ္စရပ်များအပြင် အခြားကိစ္စ ရပ်များကိုပါ အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

back to top Eng