skip to content
 
နေပြည်တော်၊ အောက်တိုဘာ(၂)ရက်။
 
နိုင်ငံတော်အားပြုပြင်ပြောင်းလဲ၍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်တို့၏ အခန်းကဏ္ဍမှာ အဓိက ကျလျက်ရှိရာ နိုင်ငံတော်အတွင်းရှိ ပြည်သူများကျန်းမာကြံ့ခိုင်သော မြန်မာလူမျိုးများ ဖြစ်လာ စေရန် ရည်ရွယ်သော ကျန်းမာရေးအတွက် မဟာဗျူဟာကျကျ အမျိုးသားကျန်းမာရေး စီမံကိန်း ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာစေရမည်ဟူသော ဆွေးနွေးပွဲ Healthy Myanmar Seminar (Exercise is Medicine) အား ယနေ့ နံနက် (၈း၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ  Hotel Royal ACE ၌ကျင်းပပြုလုပ်ရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားပါသည်။
 
ရှေးဦးစွာ ပြည်ထောင်စု၀န်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ် သော ဆွေးနွေးပွဲသည် မြန်မာပြည်သူများတွက် လွန်စွာ အကျိုးရှိထိရောက်မည့် ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် လူသားများအား ကျန်းမာရေးနှင့် ပတ်သက်၍ ကူးစက်တတ်သောရောဂါများနှင့် မကူးစက်တတ်သော ရောဂါများဟူသော အုပ်စုကြီး(၂) ခုရှိပါကြောင်း၊ ကူးစက်တတ်သောရောဂါများနှင့် ပတ်သက်၍ ပိုမိုအစွမ်းထက်သည့် ရောဂါ ရှာဖွေနည်း၊ ပိုမိုအစွမ်းထက်သည့်ကုသနည်း၊ ပိုမိုအစွမ်းထက်သည့်ရောဂါကာကွယ် နည်းများကို တွေ့ရှိလာခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှု လျော့နည်း လာပြီး မကူးစက်တတ်သော ရောဂါအုပ်စုများမှာ ပိုမိုဖြစ်ပွားမှု များပြားလာသည်ကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ သုတေသနများ၏ လေ့လာတွေ့ရှိချက်အရ ကိုယ်ခန္ဓာလှုပ်ရှားမှုနည်းပါး လာခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်းတို့ကြောင့် သွေးတိုးခြင်း၊ သွေးတွင်းအဆီဓါတ် ပါ၀င်မှုများပြားခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါတို့သည် လူတို့တွင်အဖြစ် များပြားလာပြီး အသက်အန္တရာယ် ဆုံးရှုံးလာကြသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊
 
 
၂၀၁၄ WHO မှတ်တမ်းအရ နှစ်စဉ် မကူးစက်တတ်သော ရောဂါဖြစ်ပွားမှုများပြား သောကြောင့် နှစ်စဉ်သေဆုံးသူ (၅၇)သန်း အနက် သေဆုံးသူ သန်း(၄၀)မှာ မကူးစက်တတ် သောရောဂါကြောင့် သေဆုံးမှုဖြစ်ကြောင်းနှင့် (၇၇)%မှာ ဖွံ့ဖြိုးမှုအားနည်းသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌သာ ဖြစ်ပွားပါကြောင်း၊ သေဆုံးသူ သန်း(၄၀)အနက် (၄၂)%မှာ အသက်(၇၀)မပြည့်ခင် သေဆုံးကြောင်းသိရှိရပါကြောင်း၊ ၂၀၁၄ခုနှစ်  ျွှံဥ ၏ လေ့လာ တွေ့ရှိချက်အရ မြန်မာနိုင်ငံ၌ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ(၆၀)% ရှိပါကြောင်း၊ (၂၉)%သည် နှလုံး/လေဖြတ်ရောဂါ (၁၁)%သည်၊ ကင်ဆာရောဂါ (၉)%သည် အဆုတ်ရောဂါ၊ (၃)%သည် သွေးချို/ဆီးချိုရောဂါ (၁၁)%သည၊် အခြားမကူးစက်တတ်သော ရောဂါတို့ဖြင့် သေဆုံးကြောင်း၊ (၄)သိန်း(၄)သောင်း(၁)ထောင် သေဆုံးနေကြောင်း၊ ထိုသို့ မကူးစက်တတ်သောရောဂါ ဖြစ်စေတတ်သော အဓိကအကြောင်းအရင်းမှာ ကျန်းမာရေးနှင့် မညီညွတ်သောအစားအစာများ စားသုံးခြင်း၊ (အဆီ၊ အချို၊ အငံ) စားသုံးမှုများ၍ ဟင်းသီး ဟင်းရွက်စားသုံးမှုနည်းပါးခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု များပြားခြင်း၊ အရက် အလွန်အကျွံသောက်သုံးခြင်း၊ ကိုယ်လက် လှုပ်ရှားမှုနည်းပါးခြင်းတို့ဖြစ်ကြောင်း၊ ထိုသို့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့်  အ၀လွန်ရောဂါများ၊ နာတာရှည်ရောဂါများ၊ သွေးချို၊ ဆီးချိုနှင့် နှလုံးလေဖြတ်ခြင်း ရောဂါတို့ အလွန်ကျယ်၀န်းစွာဖြစ်နှုန်းမှု များပြား လာသည်ကို တွေ့ရှိရပါကြောင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် ခေတ်မီတိုးတက်သော သိပ္ပံပညာများ တိုးတက်လာခြင်း၊ လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားလာခြင်းတို့နှင့် အဆိုပါ မကူးစက်တတ်သောရောဂါသည် ကပ်ရောဂါ အသွင်ဆောင်လာနေပြီဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်  WHO  ၏ မှတ်တမ်းအရ ကိုယ်လက်လှုပ်ရှားနည်းပါးမှုကြောင့် အဆိုပါမကူးစက်တတ်သော ရောဂါဖြင့် နှစ်စဉ်(၃.၃)သန်း နီးပါးသေဆုံးလျက်ရှိပြီး စတုတ္တမြောက်အကြောင်းအရာ လည်းဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းကြောင့် ပုံမှန်သေဆုံးနှုန်း (၄၀)%ကို လျော့ချနိုင်ကြောင်း သိရှိရပါကြောင်း၊ ကိုယ်ခန္ဓာကြွက်သား အားကောင်းသူသည် ကိုယ်ခန္ဓာကြွက်သား လှုပ်ရှားမှုမရှိပဲ အားနည်းသူထက် သေဆုံးမှု (၂၀)%မှ(၃၀)%အသက်သေဆုံးမှု အန္တရာယ်နည်းပါးကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းကြောင့် ရင်သားကင်ဆာနှင့် ရောဂါကြောင့် သေဆုံးမှုကို (၅၀)%၊ အူမကြီးကင်ဆာ ကြောင့် သေဆုံးမှုကို (၆၀)% ထိပိုပြီးလျော့ချနိုင်ကြောင်း၊ နှလုံးသွေးတိုးဖြင့် (၄၀)%၊ လေဖြတ်(၂၇)%၊ သွေးချို/ဆီးချိုဖြစ်နှုန်း (၅၈)%၊ လျော့နည်းနေနိုင်တာကို တွေ့ရှိရပါကြောင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းကြောင့်၊ စိတ်ကျရောဂါ ကုသရာတွင်လည်းကောင်း၊ သွေးချို/ဆီးချိုရောဂါကုသရာတွင် ပုံမှန်ထက် (၂)ဆ ပိုမိုကောင်းမွန်ထိရောက်ကြောင်း၊ သို့ဖြစ်ပါ၍ အခြေခံပညာကျောင်းများတွင် ပုံမှန်ကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်မှုနည်းပါးကာ ရန်ဖြစ်ခြင်း၊ ကျောင်းစည်းကမ်းဖောက်ဖျက်မှုများ၊ လျော့နည်းမှု၊ ကျောင်းထုတ်ခံရမှုမှာ(၆၃)% လျော့နည်းလာစေကြောင်းတွေ့ရှိရပါသည်။ ပညာရေး၀န်ကြီးဌာန အနေနှင့် ပြန်လည်၍ Grade 1 မှ Grade 12 ထိ Test Book များတွင် ထည့်သွင်းရေးဆွဲပြီး ကျောင်းတွေမှာ ကိုယ်လက်လှုပ်ရှား၊ ကာယပညာရေးကို ပိုမိုတွန်းအားပေး ဆောင်ရွက်ပြီး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  အခြေခံပညာကျောင်းများ၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နိုင်ရေးသည် အင်မတန် အရေးကြီးပါကြောင်း၊
 
ကိုယ်လက်လှုပ်ရှားအားကစားမှန်မှန်ပြုလုပ်ခြင်းသည် ကျန်းမာကြံ့ခိုင်မှုကို တိုးတက်လာသည်သာမက ရောဂါအမျိုးမျိုးတို့ကို ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်အကျိုးရှိကြောင်းကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ အရှေ့တောင်အာရှနိုင်ငံ များအပါအ၀င် နိုင်ငံတော်တော်များများသည် Exercise is Medicine   အစီအစဉ်ဖြင့်  National Plan    ရေးဆွဲကာ အကောင်အထည်ဖေါ်ဆောင်ရွက်နေကြောင်း၊ 
ကျန်းမာရေး၀န်ဆောင်မှုပေးသော ပြည်သူလူထုများ၊ တိုက်ရိုက်ထိတွေ့နေသော ဆရာ၀န်နှင့် ကျန်းမာရေး၀န်ထမ်းများအား အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကို ပိုမို ကောင်းမွန်အောင်ပြုလုပ်နိုင်ကြောင်း၊ လူနာများအား ပိုမိုဆန်းစစ်မှုပြုလုပ်ရန် လိုအပ်ကြောင်း၊
 
ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် နာတာရှည်ရောဂါကုသရာတွင် ထည့်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊
 
ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရာတွင် ပုံမှန်အားဖြင့် နည်းစနစ်၊ အမျိုးမျိုး ရှိသော လေ့ကျင့်မှုအတိုင်းအတာနှင့် စနစ်တကျသင်ကြားပြသနိုင်သည့် အကြံပေးပညာရှင် နည်းပြများ ပေါ်ထွန်းလာခြင်းကို ဆောင်ရွက်စေခြင်း၊
 
ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရာတွင်  ထိထိရောက်ရောက် ဖြစ်စေရန် အကြံပေးပညာရှင်များ၊ နည်းပြများနှင့် အထောက်အကူပြု အဖွဲ့အစည်းများကြား ဆက်သွယ်ရေး ကွန်ယက်တည်ဆောက်ခြင်းဟူ၍ အပိုင်း(၃)ပိုင်းပါ၀င်ကြောင်း၊
 
မြန်မာနိုင်ငံတွင် ကိုယ်လက်လှုပ်ရှားအားကစားကို ကျန်းမာရေးအတွက် ဆေးစွမ်း တလက်အဖြစ် လူတိုင်းသိမြင်လာနိုင်ပြီး ခံယူကျင့်သုံးပါ၀င်ဆောင်ရွက်စေရမည်ဟု စည်းရုံးလှုံ့ဆော်ပေးရမှာဖြစ်ပါကြောင်း၊ 
 
သို့ဖြစ်ပါ၍ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ကိုက်ညီပြီး လက်တွေ့လိုက်နာကျင့်သုံးနိုင်ပြီး ရေရှည်တည်တံ့နိုင်မည့်  Exercise is Medicine    အစီအစဉ်ရေးဆွဲခြင်းသည် မြန်မာပြည်သူ များအားလုံးအတွက် အလွန်ပင်တန်ဖိုးရှိသော အစီအစဉ်ဖြစ်ပါကြောင်း ပြောကြားပါသည်။
 
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ အမြဲတမ်းအတွင်း၀န် ပါမောက္ခဒေါက်တာသက်ခိုင်၀င်းမှ ပြည်ထောင်စု၀န်ကြီးဒေါက်တာမြင့်ထွေး ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားရာတွင် ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်များကို ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် ကျန်းမာရေးတွင် အဓိကကျသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်လက်အားကစားပြုလုပ်ခြင်းသည် ဆေးတစ်မျိုးဖြစ်ပါကြောင်းကို အသိအမှတ်ပြု ထားပြီးဖြစ်ကြောင်း၊  Exercise Physical Activity is Medicine    ဟူ၍ သတ်မှတ်ထားပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၏ ကနဦး ဦးဆောင်မှုဖြင့် ပြည်သူများကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နိုင်ရေး၊ အားကစားပြိုင်ပွဲများ ပြုလုပ်စေခြင်း၊ ပြည်သူများ မနက်စောစောကိုယ်လက်ကြံ့ခိုင်လှုပ်ရှားမှုဆောင်ရွက်စေခြင်းတို့ဖြင့် ပြည်သူများ ကျန်းမာသန်စွမ်းစေမည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအနေနှင့် လိုအပ်သော ပံ့ပိုးမှုများကို စနစ်တကျ အဆင့်ဆင့် ပံ့ပိုးသွားမည် ဖြစ်ပါကြောင်း၊ ဤဆွေးနွေးပွဲမှ မည်ကဲ့သို့ မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် ဆောင်ရွက်ရမည်ကို ဆွေးနွေးကြရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လက်တွေ့ကျသော ဆွေးနွေးမှုများကို ၀ိုင်း၀န်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားပါသည်။
 
 
ဆက်လက်၍ ဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ပါမောက္ခခင်မေအုန်းနှင့် ပါမောက္ခ ဇေော်၀စိုးတို့မှ ဦးဆောင်ပြီး ဒေါက်တာမြလေးစိန်မှ (Exercise is Medicine Initiative)၊ ဒေါက်တာဥမ္မာမှ (Acute and Chronic Effect of Exercise)၊ ဒေါက်တာရဲတင့်လွင် မှ (Principles of Exercise is Medicine)၊ ဒေါက်တာမြလေးစိန်မှ (Modification of Healthy Behavior)၊ ဦးဌေးအောင်မှ (Mass Sports in Myanmar)တို့ကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

back to top Eng