skip to content
 
နေပြည်တော်၊ နိုဝင်ဘာ (၃၀)။
 
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲတွင် အသင်း(၅)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ ယင်းပြိုင်ပွဲတွင် ဘောလုံးအားကစားနည်း၌ အမျိုးသားပြိုင်ပွဲတစ်ခုတည်းသာ ပါဝင်မည်ဖြစ်ပြီး အရှေ့တောင်အာရှ(၁၁)နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ (၅)သင်းသာ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်းအပါအဝင်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် လာအိုအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီအနေဖြင့် ပွဲစဉ်များထုတ်ပြန်ခြင်းမရှိသေးဘဲ အသင်းအုပ်ချူပ်သူများ အစည်းအဝေးမှသာ အတည်ပြုထုတ်ပြန်မည်ဖြစ်သည်။ မြန်မာ တက္ကသိုလ်အသင်းသည် ယင်းပြိုင်ပွဲတွင် အောင်မြင်မူ့ရရှိရန် ပြင်ဆင်မူ့များပြုလုပ်ထားပြီး (၂)လကျော်အချိန်ယူပြင်ဆင်ထားသည်။
 
 
ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးဇော်မင်းက ကိုင်တွယ်နေပြီး ဟံသာဝတီအသင်းပိုင်ရှင် ဦးအောင်မိုးကျော်၏တောင်းဆိုမူ့ကြောင့် ဟံသာဝတီအသင်းနည်းစနစ်ဒါရိုက်တာ စင်ကာပူနိုင်ငံသား ဆီဗာဂျီနှင့် နည်းပြချူပ်ဦးငွေထွန်းတို့က ယင်းအသင်းအား ကူညီလေ့ကျင့်ပေးလျက်ရှိသည်။ မြန်မာတက္ကသိုလ်ဘောလုံးအသင်းသည် ပြိုင်ပွဲကျင်းပမည့် နေပြည်တော်၌ ကြိုတင်လေ့ကျင့်မူ့များ ပြုလုပ်ရန် နိုဝင်ဘာ(၂၉)ရက်က ထွက်ခွာသွားပြီး နိုဝင်ဘာ(၃၀)ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာတက္ကသိုလ်အသင်းသည် နေပြည်တော်၌ တစ်ပတ်ကြိုတင်လေ့ကျင့်မည်ဖြစ်ပြီး ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နောက်ဆုံးခြေစမ်းပွဲတစ်ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာတက္ကသိုလ်ဘောလုံးအသင်းသည်ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား(၂၀)ဦး ရွေးချယ်ထားပြီး ၂၀၁၈ရာသီMNL-2ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့သည့် တက္ကသိုလ်အသင်းမှ ကစားသမား(၁၆)ဦးကို အခြေခံကာ MNL မှ ကစားသမား(၄)ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။MNLတွင် ကစားနေသည့် နိုင်နိုင်ကျော်နှင့် စွမ်းထက်အောင်(မကွေး)ဝင်းအေးကျော်(Southern)နှင့် နေသူရအောင်(ရခိုင်)တို့ကို အားဖြည့်ရွေးချယ်ထားပြီး ပြိုင်ပွဲမတိုင်မီခြေစမ်းပွဲ(၄)ပွဲယှဉ်ပြိုင်ကစားထားသည်။

back to top Eng