spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈-ခုနှစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ဆုပေးပွဲ ကျင်းပ

၂ဝ၁၈-ခုနှစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ဆုပေးပွဲ ကျင်းပ

 
ရန်ကုန်၊ ဒီဇင်ဘာလ( ၃)ရက်။
 
၂ဝ၁၈ခုနှစ် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဌဖလား အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယနေ့နေ့လည် (၁)နာရီက ရန်ကုန်မြို့၊ မဂင်္လာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစား ပြိုင်ပွဲရုံ၌ ကျင်းပခဲ့ရာ အမျိုးသားလက်ရွေးစင်တန်း ဗိုလ်လုပြိုင်ပွဲ၌ UPK အသင်းက ကာကွယ်ရေး(ဂ)အသင်းကို (၃)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိသွားပြီး ဆုပေးပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသမီးအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပထမ၊ (First  Action)အသင်း၊ ဒုတိယ ပြည်ထဲရေး (က)အသင်းနှင့် တတိယပြည်ထဲရေး(ခ) အသင်းတို့အားလည်းကောင်း၊ အမျိုးသားလူသစ်တန်းပြိုင်ပွဲ၌ပထမ ကာကွယ်ရေး(က)အသင်း၊ ဒုတိယ ကာကွယ်ရေး(ခ)အသင်း၊ တတိယ ကျောက်ပန်းတောင်း(က)အသင်းတို့အားလည်းကောင်း၊ အမျိုးသားအလွတ်တန်း  ပြိုင်ပွဲ၌ ပထမကာကွယ်ရေး(ဃ)အသင်း၊ ဒုတိယကာကွယ်ရေး(င)အသင်း၊ တတိယ ပြည်ထဲရေး(က) အသင်းတို့အားလည်းကောင်း၊ အမျိုးသားလက်ရွေးစင်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပထမ UPK အသင်း၊ ဒုတိယ ကာကွယ်ရေး(ဂ)အသင်းနှင့် တတိယ ကာကွယ်ရေး (က)အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကို မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် နာယက ဦးလှမြင့်( ရဲမှူးကြီး- ငြိမ်း) ၊ တပ်မတော် ပိုက်ကျော်ခြင်း ဆပ်ကော်မတီဥက္ကဌ၊ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်၊ ပြည်ထဲရေး အားကစားတာဝန်ခံဒုတိယရဲမှူး ကြည်ကြည်ဝေနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးရဲအောင်နှင့် အတွင်းရေးမှူး ဦးထွဋ်ခိုင်နွယ်တို့မှ ဆုများအသီးသီးချီးမြှင့်ပေးသည်။
 
 
 
ဆက်လက်ပြီး အမျိုးသမီးအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ ဒိုင်းဆုရ  (First Action)အသင်းအား ဒေါပုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်မှလည်းကောင်း၊ အမျိုးသားလူသစ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပထမ ဒိုင်းဆုရ ကာကွယ်ရေး(က)အသင်းအား ဒုတိယရဲမှူးကြီး (ငြိမ်း) ဦးဝင်းမြင့်မှလည်းကောင်း၊ အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ၌  ပထမဒိုင်းဆုရ ကာကွယ်ရေး(ဃ)အသင်းအား မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် နာယက ဦးလှမြင့်မှလည်းကောင်း၊ အမျိုးသားလက်ရွေးစင်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပထမ ဒိုင်းဆုရ  UPK  အသင်းအား မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဌဦးစိုးနိုင်မှလည်းကောင်း ဒိုင်းဆုကြီးများ အသီးသီးချီးမြှင့်ပေးခဲ့သည်။
 
 
အဖွဲ့ချုပ်ဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲ၊ အမျိုးသားအလွတ်တန်းပြိုင်ပွဲ၊ အမျိုးသားလက်ရွေးစင်တန်းပြိုင်ပွဲများတွင် ပထမ ဂုဏ်ပြုဆုငွေ (၇)သိန်း၊ ဒုတိယဂုဏ်ပြုဆုငွေ (၅)သိန်း၊တတိယဆုငွေ(၃)သိန်းနှင့် အမျိုးသား လူသစ်တန်း ပြိုင်ပွဲတွင် ပထမဆုငွေ (၅)သိန်း၊ဒုတိယဆုငွေ (၃)သိန်း၊ တတိယဆုငွေ(၂)သိန်း တို့အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-