ဒီးမော့ဆို၊ ဒီဇင်ဘာ (၄)။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒီဇင်ဘာလအတွင်းတွင် လူထုအားကစာလှုပ်ရှားမှုကို ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ကျောင်းစာအပြင် အားကစားအသိပညာတိုးပွားစေရန် ရည်ရွယ်၍ အားကစားအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က ဒီးမောဆိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဦးသိန်းမိုးအောင်က ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များအား အားကစား၏ အဓိပ္ပါယ်၊ အားကစား အမျိုးအစားနှင့် နည်းစနစ်များ၊ အားကစားလှုပ်ရှားမှု၏ အကျိုးကျေးဇူးတို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောသည်။ ထို့နောက် ကျောင်းတွင် ကျောင်းသားကျောင်းသူများအတွက် အားကစားပစ်စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်နိုင်က လက်ခံရယူပေးခဲ့ကြောင်း သိရသည်။