spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်လှေလှော်အသင်းများ လေ့ကျင့်ပြင်ဆင်

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်လှေလှော်အသင်းများ လေ့ကျင့်ပြင်ဆင်

 
ရန်ကုန်၊ ဒီဇင်ဘာ (၆)။
 
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကြီးတွင် လှေလှော် ကစားနည်းများအနက် အနောက်တိုင်း လှေပြိုင်ပွဲနှင့် ရိုးရာလှေလှော်ပြိုင်ပွဲများကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။
 
အနောက်တိုင်းလှေပြိုင်ပွဲကို မီတာ ၁ဝဝဝ ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ပြီး တစ်ယောက်ချင်း လှော်၊ ကိုယ် အလေးချိန်ပေါ့ တစ်ယောက်လှော်၊ ကိုယ်အလေးချိန်ပေါ့ နှစ်ယောက်လှော်၊ လေးတက် လှော်နှင့် ပဲ့ကိုင်ပါ ရှစ်တက်လှော် စသည့်ပြိုင်ပွဲ အမျိုးအစား ငါးမျိုး ပါဝင်မည်ဖြစ်သည်။ ယင်းငါးမျိုးကို အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲခွဲ၍ ပြိုင်ရမည်ဖြစ်ရာ ပြိုင်ပွဲအမျိုးအစား (၁ဝ) မျိုးရှိမည်။ မြန်မာတက်ကသိုလ်အနောက်တိုင်းလှေ လက်ရွေးစင် အသင်းသည် အမျိုးသားကစားသမား (၁၂) ဦး၊ အမျိုးသမီး ကစားသမား (၁၂) ဦးတို့ဖြင့် ငလိုက်ဆည်၌ နည်းပြချုပ် ဦးကျော်ဝင်း ဦးဆောင်သော နည်းပြအဖွဲ့နှင့် အပြင်းအထန် လေ့ကျင့်လျက်ရှိကြသည်။
 
မြန်မာတက်ကသိုလ် ရိုးရာလှေ လက်ရွေးစင်အသင်းများ သည်လည်း အမျိုးသားကစားသမား (၁၄) ဦး၊ အမျိုးသမီး ကစားသမား (၁၄) ဦးတို့ဖြင့် နည်းပြချုပ် ဦးဝင်းဖေ ဦးဆောင်သော နည်းပြအဖွဲ့က ငလိုက်ဆည်၌ပင် အပြင်း အထန်လေ့ကျင့် ပေးလျက်ရှိသည်။
 
ရိုးရာလှေလှော်ပြိုင်ပွဲများတွင် မီတာ (၅ဝဝ) နှင့် မီတာ (၁ဝဝဝ) ပြိုင်ပွဲနှစ်မျိုးကို အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီး ပြိုင်ပွဲနှင့် အမျိုးသား အမျိုးသမီး အရောပြိုင်ပွဲဟု သုံးမျိုးစီ ယှဉျပြိုင်ရမည်ဖြစ်ရာ ပြိုင်ပွဲခြောက်မျိုး ပါဝင်မည်ဖြစ်သည်။
 
အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ လှေပြိုင်ပွဲ နှစ်မျိုးစလုံးကို ဒီဇင်ဘာ (၁၃) ရက်မှ (၁၆) ရက်အထိ နေပြည်တော်ရှိ ငလိုက်ဆည်၌ ကျင်းပသွားမည်ဖြစ်သည်။
 
ယခုလှေပြိုင်ပွဲများအနက် အနောက်တိုင်းလှေလှော် ပြိုင်ပွဲ၌ အိမ်ရှင်မြန်မာနှင့်အတူ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ တက္ကသိုလ်အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရိုးရာလှေပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအပါအဝင် ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့မှ တက္ကသိုလ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဟု သိရသည်။
 
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ယခုလှေပြိုင်ပွဲများ၌ မြန်မာကစားသမားများ ရွှေတံဆိပ်ဆု ရရှိခဲ့ပါက ဆုကြေးအဖြစ် ကျပ်သိန်း (၅ဝ)၊ ငွေတံဆိပ်ဆု ရရှိခဲ့ပါက ကျပ်သိန်း ၃ဝ၊ ကြေးတံဆိပ်ဆုရရှိပါက ကျပ်သိန်း ၂ဝ ချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကလည်း ထပ်ဆင့်ဆုကြေး အဖြစ် ရွှေတံဆိပ်ဆုအား ကျပ်သိန်း (၃ဝ)၊ ငွေတံဆိပ်ဆုအား ကျပ်သိန်း (၂ဝ)၊ ကြေးတံဆိပ်ဆုအား ကျပ် (၁ဝ) သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းက ပြောကြားသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA%E1%80%9C%E1%80%BE%E1%80%B1%E1%80%9C%E1%80%BE%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%86%E1%80%84%E1%80%BA