spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ပါဝင်ဆင်နွှဲ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒီဇင်ဘာလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး ပါဝင်ဆင်နွှဲ

 
နေပြည်တော်၊ ဒီဇင်ဘာ (၈)ရက်။
 
''တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်းမြင့်မားစေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုများ''အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ် စနေ နေ့တိုင်းလူထုစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ အမြို့မြို့ အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ လုပ်သားပြည်သူများ၏ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅:၃ဝ) နာရီ အချိန် နေပြည်တော် မြို့မစျေးရှေ့တွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများနှင့် နေပြည်တော်ရှိ လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၁၁၀၀၀) ဦးခန့် တစ်ပျော်တစ်ပါး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြပါသည်။
 
 
 
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် နေပြည်တော် မြို့မစျေးရှေ့၌ နံနက်(၅:၃ဝ) နာရီအချိန်တွင် စတင်တာလွှတ်ပြီး ပျဉ်းမနား-တောင်ညို လမ်းအတိုင်း သပြေကုန်းအဝိုင်းမှ တဆင့် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့အထိ ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ ပန်းဝင်ကြပါသည်။ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား အားကစားနှင့်ကာပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များကို ပေးဝေကြပါသည်။
 
 
 
ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများသည် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊(၂)နှင့် Free Hand Exercise  လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%B1-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%90%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A