spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ် အားကစားပြိုင်ပွဲ ရိုးရာခြင်းလုံးပြိုင်ပွဲ စတင်ကျင်းပ၊ ရွှေတံဆိပ်ရရှိသော မြန်မာအသင်းကို ဒုတိယဝန်ကြီးတို့မှ ဆုများချီးမြှင့်

၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အာဆီယံ တက္ကသိုလ် အားကစားပြိုင်ပွဲ ရိုးရာခြင်းလုံးပြိုင်ပွဲ စတင်ကျင်းပ၊ ရွှေတံဆိပ်ရရှိသော မြန်မာအသင်းကို ဒုတိယဝန်ကြီးတို့မှ ဆုများချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ (၈)ရက်။   

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ ခုနှစ် ၊ (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ၊ ရိုးရာခြင်းလုံးပြိုင်ပွဲကို ယနေ့နံနက် (၈:ဝဝ) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားခြင်းလုံးရုံ၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်  ဒေါက်တာ သိန်းဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည့်တော်များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

 

ရှေးဦးစွာ ရိုးရာခြင်းလုံးပြိုင်ပွဲ Event(3) ပြိုင်ပွဲ ပွဲစဉ်များကို  အာဆီယံအသင်းများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ မလေး၊ လာအို အသင်း  (၄)သင်းဖြင့် ယှဉ်ပြိုင်ကြရာ ရမှတ် (၄၆၈)မှတ်ဖြင့် မြန်မာအသင်းမှ ပထမ၊  ရမှတ်(၃၉၅)မှတ်ဖြင့် လာအိုအသင်းမှ ဒုတိယ၊ ရမှတ် (၃ဝဝ)မှတ်ဖြင့် ထိုင်းအသင်းမှ တတိယ၊ ရမှတ်(၁၄၇)မှတ်ဖြင့် မလေးရှားအသင်းမှ စတုတ္ထဖြင့်အသီးသီးရရှိခဲ့ပါသည်။

 

ဆက်လက်၍ ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးတို့မှ ရွှေတံဆိပ်ရရှိခဲ့သော မြန်မာအသင်း၊ ငွေတံဆိပ်ရရှိခဲ့သော လာအိုအသင်းနှင့် ကြေးတံဆိပ်ရရှိခဲ့သော ထိုင်းအသင်းတို့အား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%81%8A-%E1%81%81%E1%81%89%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6-%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2