spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOMS-7) အား လက်ခံကျင်းပ

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOMS-7) အား လက်ခံကျင်းပ

 
နေပြည်တော်၊ အောက်တိုဘာ(၉)ရက်။
 
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ  အစည်းအဝေး (SOMS-7)  ကို ယနေ့နံနက် (၉)နာရီ ၌နေပြည်တော် ဟိုတယ်ဇုံရှိ Kempinski Hotel ၌ ကျင်းပ ပြုလုပ်ရာတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးူးချုပ် ဦးမျိုးလှိုင်နှင့် လှိုင်မှ အလှည့်ကျဥက္ကဌ အဖြစ်တာဝန်ယူ ဆောင်ရွက်ပြီး အာဆီယံ (၁ဝ)နိုင်ငံမှာ အားကစားဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြပါသည်။
 
အစီအစဉ်အရ အစည်းဝေးသို့ တက်ရောက်နေကြသော အာဆီယံ (၁ဝ)နိုင်ငံမှ အားကစား ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် အဖွဲ့ဝင်များသည် အာဆီယံအစည်းအဝေးအထိမ်းအမှတ် သီချင်းကို ဂုဏ်ပြု သီဆိုကြပါသည်။
 
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံ (၁ဝ)နိုင်ငံမှ အားကစား ဆိုင်ရာ နိုင်ငံကိုယ်စားပြု အဆင့်မြင့် အရာရှိကြီးများ (၁ဝ)ဦးမှ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပါသည်။
 
ဆက်လက်၍ မလေးရှားနိုုင်ငံမှ အစည်းအဝေး၏ ဥက္ကဌဟောင်း Doto Lokman Hakim Ail Ministry Youth and Sports  Secretary General မှ မိန့်ခွန်းပြောကြားပြီး ယခု အစည်းအဝေး၏ အလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ထံ တာဝန်ဝတ္တရားများကို လွဲပြောင်းပေးအပ်ပါသည်။
 
ဆက်လက်၍ အစည်းအဝေး၏ အလှည့်ကျ ဥက္ကဌ ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့် အတွက် လွန်စွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် တက်ရောက် လာကြသော အာဆီယံအဆင့်မြင့် အရာရှိကြီးများနှင့် အဖွဲ့များအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အားကစားလှုပ်ရှားမှုပြုလုပ်ခြင်းသည် လူသားတို့၏နေ့စဉ်ဘဝတွင် အရေးကြီး သောအခန်းကဏမှ ပါဝင်သည်သာမက နိုင်ငံများအချင်းချင်း ယဉ်ကျေးမှုဆိုင်ရာ ရင်းနှီးစေသည့်သော အားကောင်းသော သံတမန်ဆက်သွယ်ရေးတစ်ခုဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံတွင် ကျင်းပသည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ပြီး ဆုတံဆိပ်အများ ဆုံး ရရှိအောင် စွမ်းဆောင် နိုင်သောကြောင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုကျင်းပမည့် အစည်းအဝေးတွင် အာဆီယံနိုင်ငံများအကြား အားကစားဆိုင်ရာ အရေးကြီးအဆိုများတင်ပြီး ဆုံးဖြတ်ချမှတ်နိုင်ရေးတွင် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းနှင့် နောက်ရက်များတွင် ကျင်းပမည့် အာဆီယံအားကစားဝန်ကြီးများ၊ ဂျပန်နိုင်ငံအားကစားဝန်ကြီးများအစည်းအဝေး၊ အာဆီယံအားကစားဝန်ကြီးနှင့် အခြားဆက်စပ်အစည်းအဝေးများ အောင်မြင်စွာ ကျင်း ပဆွေးနွေး ကျင်းပနိုင်ရန် အကြံပြုဆွေးနွေးကြပေးစေလိုကြောင်း၊ ယခုအစည်းအဝးမှ အာဆီယံနိုင်ငံများ နှင့် အားကစားဆိုင်ရာနားလည်မှု ပူးပေါင်းဆောင်ရွက်မှုများ ရရှိကြစေလိုကြောင်းကို ဆန္ဒပြုပါကြောင်း ပြောကြားပါသည်။
 
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံနိုင်ငံများကိုယ်စားလှယ် အဆင်မြင့် အရာရှိကြီးများမှ အာဆီယံနိုင်ငံ အချင်းချင်း အားကစားနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ၂ဝ၁၆ ခုနှစ်မှ ကျင်းပခဲ့သော (SOMS-6) အစည်းအဝေးမှ ထွက်ပေါ်သောအစည်းအဝေးဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံအားကစားနေ့ အဖြစ် သြဂုတ်လ (၈)ရက်နေ့ကို သတ်မှတ်ပေးနိုင်ရေး ဝိုင်းဝန်းဆွေးနွေး ခြင်း၊ ၂ဝ၃၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများ အာဆီယံဒေသတွင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိရေး၊ မလေးရှားနိုင်ငံမှ ဦးဆောင် လှေျာက်ထားမည့် အစီအစဉ်အား ဝိုင်းဝန်း ထောက်ခံဆွေးနွေးခြင်း၊ ၂ဝ၁၆ခုနှစ်တွင် ကျင်းပပြီးစီးသော (၁၇)ကြိမ်မြောက် ရီယိုအိုလံပစ် ပြိုင်ပွဲနှင့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ၌ အောင်မြင်မှုရရှိခဲ့ကြသော အာဆီယံ ဒေသတွင်းနိုင်ငံများမှ အားကစားသမားများအား ဂုဏ်ပြုခြင်း၊ အာဆီယံဒေသတွင်းကျင်းပနေသည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၏ အမည်အား အာဆီယံအားကစားပြိုင်ပွဲများဟု အမည်နာမ ပြောင်းလဲကျင်းပနိုင်ရေး ဝိုင်းဝန်းဆွေးနွေးခြင်း ၂ဝ၁၆မှ ၂ဝ၂ဝထိ အာဆီယံနိုင်ငံများ အားကစားနှင့် ပတ်သက်၍ လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်နေမှု အပေါ် အကြံပြု ဆွေးနွေးခြင်း၊ အာဆီယံနိုင်ငံများ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခုုိင်မှု သတ်မှတ်ချက်အား ဝိုင်းဝန်းအကြံပြု ဆွေးနွေးခြင်း၊ အာဆီယံဒေသတွင်းပြိုင်ပွဲ ကျင်းပမှုနှင့် စပ်လျဉ်း၍ ပွဲပြီးရလာဒ်နှင့် ပြင်ဆင်မှုအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ကျင်းပပြီးစီးခဲ့သော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ (၉)ကြိမ်မြောက် မသန်စွမ်းအားကစားပြိုင်ပွဲများ ကျင်းပပြီးစီးမှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်းနှင့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများအား ဝိုင်းဝန်း အကြံပြုဆွေးနွေးခြင်း ၊ အားကစားနှင့် သက်ဆိုင်သော အာဆီယံ အဖွဲ့အစည်းနှင့် အခြားပူးပေါင်း ပါဝင် ဆောင်ရွက်ကြမည့် အဖွဲ့များ၏ လုပ်ငန်းစဉ်များအား ဝိုင်းဝန်း အကြံပြုဆွေးနွေးခြင်း၊ ၂ဝ၁၆မှ ၂ဝ၂ဝခုနှစ် အတွက် အာဆီယံနိုင်ငံများ အားကစားဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက် ၍ အထောက်အကူပြုလုပ်ငန်း အစီအစဉ်များကို ပြုစုတင်ပြခြင်း၊ စက်တင်ဘာ(၁ဝ)ရက် နှင့်(၁၁)ရက်နေ့များတွင် ကျင်းပပြုလုပ်မည့် (၄)ကြိမ်မြောက် အာဆီယံအားကစား ဆိုင်ရာဝန်ကြီး များ အစည်းအဝေးနှင့် ပထမအကြိမ်မြောက် အာဆီယံ အားကစားဝန်ကြီးများနှင့် ဂျပန်နိုင်ငံ အားကစားဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အကြံပြု ဆွေးနွေးချက်များကို အသီးသီး ဝိုင်းဝန်းဆွေးနွေးကြကြောင်း ၊ မြန်မာနိုင်ငံမှ အာဆီယံအားကစား အစည်း အဝေးကို အိမ်ရှင်ဥက္ကဌအဖြစ် ၂ဝ၁၇-၂ဝ၁၈ (၂)နှစ် တာဝန်ယူ ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%99%E1%80%BE-%E1%80%A1%E1%80%AD%E1%80%99%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%A1%E1%80%96%E1%80%BC%E1%80%85%E1%80%BA-%E1%81%87%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%E1%81%8A-%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%9B%E1%80%AC%E1%80%9B%E1%80%BE%E1%80%AD%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8