spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဒီဇင်ဘာလ ဒုတိယပတ် လူထုလမ်းလျှောက်ပွဲနှင့်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်

ဒီဇင်ဘာလ ဒုတိယပတ် လူထုလမ်းလျှောက်ပွဲနှင့်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်

မကွေး ဒီဇင်ဘာ ၈ရက်။
 
မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်း လမ်းလျှောက်ပွဲ ဒုတိယပတ်အဖြစ် ဒီဇင်ဘာလ ၈ ရက်နေ့ ယနေ့နံနက် ၅ နာရီခွဲက မကွေးခရိုင် အားကစားကွင်းရှေ့မှ စတင်တာထွက် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတာ၊ ဒုတိယဥက္ကဌ ဦးဇော်မျိုး၀င်း၊ အစိုးရအဖွဲ့၀န်ကြီးများနှင့်အတူ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်(၁၅)ရပ်ကွက်မှ ပြည်သူများ၊ တက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား (၈၀၀၀)ကျော် တက်ရောက်ကာ စုပေါင်းလူထု လမ်းလျှောက်ပွဲအား တပျော်တပါး ပါ၀င်ဆင်နွဲခဲ့ကြပြီး ခရိုင်အားကစားကွင်းအတွင်းတွင် ကာယလေ့ကျင့်ခန်း အတွဲ-၁၊၂ ဖြင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းနှင့် ပညာရေးကောလိပ်၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများက ကာယအက အလှများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%90%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%81%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%80%E1%80%BA