spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားစတင်ကျင်းပ

၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားစတင်ကျင်းပ

 
နေပြည်တော်၊ အောက်တိုဘာ(၁ဝ)ရက်။
 
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စု ပွဲစဉ်ပြိုင်ပွဲများကို ယနေ့ နံနက်(၉းဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးလေ့ကျင့်ရေးကွင်း(၄)၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော််ဆန်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းဝင်းနှင့် အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရယူပြီးနောက် ဒုတိယညွန်ကြား ရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် ခရစ်ကတ် အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန် ထက်မြက်သော သွေးသစ် ခရစ်ကတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ၂ဝ၁၅ခုနှစ်တွင် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအိုလံပစ် ကော်မတီတု့ိ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံခရစ်ကတ်အားကစားအဖွ့ဲချုပ်ကို အောင်မြင်စွာ ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၆ခုနှစ်တွင် အာရှခရစ်ကတ်ကောင်စီနှင့် နိုင်ငံတကာခရစ်ကတ် လက်ရွေးစင် အသင်းကို ဖွဲ့စည်းလေ့ကျင်နို်င်ခဲ့ပြီး မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အာရှအဆင့် ခရစ်ကတ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ အမျိုးသားအားကစားပွဲတော်နှင့် ကျောင်းသားအားကစားပွဲတော်များတွင် ပါဝင်ယှဉ်ပြိုင်လာနိုင်သည်အထိ ခရစ်ကတ် အားကစားသည် လူငယ်လူရွယ်များအကြား ပိုမိုစိတ်ဝင်စား ကစားလာခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာ့ခရစ်ကတ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မြန်မာနိုင်ငံခရစ်ကတ် အဖွဲ့ချုပ်နှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများတို့သည် လည်း အစွမ်းကုန်ကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ ပြိုင်ပွဲဝင်ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း၊စည်းကမ်းများအတိုင်းတရား မျှတစွာဆောင်ရွက်စေလို ကြောင်း၊ ယခုပြိုင်ပွဲမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော ခရစ်ကတ်အားကစားသမားကောင်းဖြစ် အောင်ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားရင်း ၂ဝ၁၇ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကတ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
 
 
ယင်းနောက် ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရစ်ကတ််အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းဝင်းနှင့် အမှုဆောင်တို့သည် ပြိုင်ပွဲဝင်အသင်း များအား  လိုက်လံနှုတ်ဆက်ကြပြီးနောက် အမျိုးသားအုပ်စုပြိုင်ပွဲအဖြစ် မွန်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကတ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အမျိုးသား(၁၄)သင်း၊ အမျိုးသမီး(၈)သင်းတို့မှ အားကစားသမား စုစုပေါင်း(၂၃၁)ဦးသည် အောက်တိုဘာ(၁ဝ)ရက်နေ့မှ (၁၆)ရက်နေ့အထိ ဝဏ္ဏသိဒိ္ဓဘောလုံး လေ့ကျင့်ရေးကွင်း(၄)တွင် နေ့စဉ်နံနက်(၉းဝဝ)နာရီအချိန်မှစတင်ပြီး အမျိုးသား၊ အမျိုးသမီး အုပ်စုပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%81%E1%80%9B%E1%80%85%E1%80%BA%E1%80%80%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95