spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဆက်လက် ကျင်းပ၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၃)ခု ထပ်မံ ရရှိ

၂ဝ၁၈ ခုနှစ် ၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဆက်လက် ကျင်းပ၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၃)ခု ထပ်မံ ရရှိ

 
နေပြည်တော်၊ ဒီဇင်ဘာ (၁၂)ရက်။
 
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်၂ဝ၁၈ခုနှစ်၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲကို ယနေ့နံနက် (၉းဝဝ) နာရီအချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ ၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည့်တော်များနှင့် အားကစားဝါသနာရှင် မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
 
 
 
ပထမဦးစွာ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသော ဝူရှူးအားကစား ပြိုင်ပွဲများတွင် အမျိုးသမီးထောက်လု Jianshu+Qiangshu ပြိုင်ပွဲတွင် Phoon Eyin (မလေးရှား)မှ ပထမ၊ စန္ဒီဦး(မြန်မာ)မှ ဒုတိယ၊Pamg Pui Yee  (မလေးရှား)မှှတတိယကို လည်းကောင်း၊ အမျိုးသားထောက်လုDuilian  ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ မြန်မာအသင်းမှ ဒုတိယ၊ မလေးအသင်းမှ တတိယကိုလည်းကောင်း၊ အမျိုးသမီး ထောက်လု Duilian ပြိုင်ပွဲတွင် စင်ကာပူအသင်းမှ ပထမ၊ မလေးရှားအသင်းမှ ဒုတိယ၊ မြန်မာအသင်းမှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ 
 
 
 
ဆက်လက်၍ ပိုက်ကျော်ခြင်းအားကစားရုံတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား (၂)ယောက်တွဲ ပြိုင်ပွဲကိုယှဉ်ပြိုင်ကြရာ မြန်မာအသင်းမှ အင်ဒိုနီးရှားအသင်းကို (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ 
 
ကြက်တောင်အားကစားရုံတွင် ကြက်တောင်အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သက်ထားသူဇာ (မြန်မာ)မှ စင်ကာပူအသင်းအား (၂)ပွဲပြတ်ဖြင့် လည်ကောင်း၊ အမျိုးသားတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အာကာဘုန်းမြတ်(မြန်မာ)မှ လာအိုအသင်းအား (၂)ပွဲပြတ်ဖြင့် လည်ကောင်း အနိုင်ရရှိထားပြီး ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။
 
 
 
တန်းနစ်အားကစားကွင်းတွင်  တန်းနစ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ စင်ကာပူအသင်းမှ ဒုတိယနှင့် မြန်မာအသင်းမှ တတိယကိုလည်းကောင်း၊ အမျိုးသား အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းမှ ပထမ၊ စင်ကာပူအသင်းမှ ဒုတိယ၊ မြန်မာအသင်းမှ တတိယဖြင့် အသီးသီးရရှိခဲ့ပြီး၊ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဆုရရှိသော အားကစားသမားများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
 
ဆက်လက်ပြီး စစ်တုရင်အားကစားရုံတွင် ကျင်းပပြုလုပ်သော စစ်တုရင်ပြိုင်ပွဲကို ယှဉ်ပြိုင်နေမှုအခြေအနေများကို ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး ခဲ့ပါသည်။ 
 
ဆက်လက်၍ ဘောလီဘောပြိုင်ပွဲ နှင့် ဘောလုံးပြိုင်ပွဲကို သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံ အသီးသီးတို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိပါသည်။
 
 
 
ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိ ရေကူးအားကစားရုံတွင် အမျိုးသား/အမျိုးသမီး မီတာ(၂ဝဝ) အလွတ်တန်းရေကူးပြိုင်ပွဲ ၊ အမျိုးသား/အမျိုးသမီး မီတာ(၁ဝဝ) ပက်လက်ကူးရေကူးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၂ဝဝ) လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးမီတာ (4 x 100) လက်ဆင့်ကမ်းအလွတ်ကူးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဆုရရှိသော အားကစားသမားများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
 
ယနေ့အထိပြိုင်ပွဲများတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၈)ခု၊ ငွေတံဆိပ်(၆)ခု၊ ကြေး(၈)ခု ဖြင့် အသီးသီးရရှိထားကြောင်း သတင်းရရှိပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%81%8A-%E1%81%81%E1%81%89%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A