ရန်ကုန်၊ အောက်တိုဘာလ( ၁၄ )ရက်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် အားကစားနည်း(၁၂)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရေကူး၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ စစ်တုရင်၊ အလေးမနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများတွင် စုစုပေါင်းဆုတံဆိပ်(၄၃)ခုဖြင့် ရွှေ(၁၁)ခု၊ ငွေ(၁၅)ခု၊ကြေး(၁၇)ခုဖြင့် အောင်မြင်မှုရရှိခဲ့ကြသည်။ အထူးသဖြင့် ရေကူးအားကစားနည်းတွင် မြန်မာအသင်း၏အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်မှုဖြင့် ရေကူးအားကစားနည်းတစ်မျိုးတည်း က ရွှေ(၇)ခု၊ ငွေ(၇)ခု၊ ကြေး(၆)ခု ဖြင့် အောင်မြင်မှုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်မသန်စွမ်းသူများ အားကစားမောင်/မယ်များ နှင့် နည်းပြများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာန မှ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်(၁ဝ)နာရီက ရန်ကုန်မြို့တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူးဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနñွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ ရွေးချယ်တင်မြောက်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဒင် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း) နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ် ဥက္ကဌဒေါ်ခင်လေး၊ မြန်မာနို်င်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကြ ဦးမျိုးမြင့်နှင့် ဒုတိယဥက္ကမျြား၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံ့ဂုဏ်ဆောင်မသန်စွမ်းအားကစား မောင်/မယ် များနှင့် အလှူရှင်များဖြစ်ကြသည့်သန်မြန်သူဆောက်လုပ်ရေးနှင့် 100 Plus အချိုရည် မှ အလှူရှင်များတက်ရောက်ကြသည်။
အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြ§င့်ခြင်းဆိုတဲ့ မဂင်္လာတရားတော်နှင့်အညီ ယနေ့ကျင်းပတဲ့ အခမ်းအနားကတော့ မဂင်္လာရှိတဲ့ အခမ်းအနားဖြစ်ပြီး မလေးရှားနိုင်ငံတွင် ၁၇.၉.၂ဝ၁၇ ရက်နေ့မှ ၂၃.၉.၂ဝ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၉)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကို မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း(၁၂)မျိုး ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၁)ခု၊ ငွေတံဆိပ် (၁၅)ခု၊ ကြေးတံဆိပ်(၁၇)ခုဖြင့် စုစုပေါင်းဆုတံဆိပ်(၄၃)ခု ရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ(၁၁)နိုင်ငံ အနက် အဆင့်(၆)ရရှိခဲ့တာဖြစ်ပါတယ်။ အားကစားနည်း(၁၂)နည်းအနက် အားကစားနည်း (၃)မျိုးမှာ ဆုတံဆိပ်များရယူပေးနိုင်ပြီး နို်င်ငံတော်အတွက် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြ တာကိုလည်း တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အတွက် ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ခြင်းဟာ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် ၊ နိုင်ငံတကာအားကစားပြိုင်ပွဲ များမှာ အောင်နိုင်မှုဆုတံဆိပ်များဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်မှာ နိုင်ငံတော်သီချင်းနဲ့ အမိမြန်မာနို်င်ငံတော်အလံကို လွှင့်တင်နိုင်အောင်စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်တဲ့အတွက် အုပ်ချုပ်သူ/နည်းပြများအပါအဝင် နိုင်ငံဂုဏ်ဆောင် မသန်စွမ်းအားကစားမောင်/မယ်များဟာ နို်င်ငံတော်ရဲ့ ဂုဏ်သိက္ခာမြင့်တင်ပေးရေးဆိုတဲ့ အမျိုးသားရေးတာဝန်ကြီးကို ကျေပွန်ထမ်းဆောင် ခဲကြသူများ ဖြစ်တာကြောင့် ယခုလို ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်းဖြင့် ဂုဏ်ပြု အမှာစကားပြောကြားသွားသည်။
ဆက်လက်ပြီး ပြေးခုန်ပစ်အားကစားနည်းမှ လှံတံပစ်၊ သံပြားပစ်၊ သံလုံးပစ်အားကစား နည်း၊ မီတာ (၂ဝဝ၊ ၄ဝဝ) အပြေးပြိုင်ပွဲများ၊ ရေကူးအားကစားနည်းမှ မီတာ(၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ ၅ဝ) အလွတ်ကူး၊ ရင်ဘောင်တန်းကူ၊ လိပ်ပြာကူး၊ မီတာ(၂ဝဝ)(၄)မျိုးကူးပြိုင်ပွဲများ၌ လည်းကောင်း၊ ထိုင်လျက်ဘော်လီဘောပြိုင်ပွဲ၊ အလေးမပြိုင်ပွဲ၊ စစ်တုရင် (B-1 , B-2) အမြန်မရွှေ့ နှင့် အနှေးရွှေ့ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ ကြေးတံဆိပ် ဆုရရှိသူများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ ရွေးချယ်တင်မြောက်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ဒင် နှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်ပြီး မြန်မာနို်င်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေးမှ နည်းပြအဖွဲ့ဝင်(၁၂)ဦးအတွက် ဂုဏ်ပြုဆုငွေကျပ်(၄၇)သိန်းအား ပေးအပ်ချီးမြ§င့်ပေးပြီး၊ သန်မြန်သူဆောက်လုပ်ရေးကုမ္ပဏီမှ ဂုဏ်ပြုဆုငွေကျပ်(၅၄)သိန်းနှင့် 100 Plus Co.,Ltd မှ ငွေကျပ် (၁ဝ၂)သိန်းတို့အား ပေးအပ်ချီးမြှင့်ရာ မြန်မာနို်င်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကြ ဦးမျိုးမြင့်မှ လက်ခံရယူခဲ့သည်။
အဆိုပါဂုဏ်ပြုပွဲအခမ်းအနားတွင် နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ရာ ရွှေတံဆိပ်တစ်ဆုလျှင်ကျပ်သိန်း(၃ဝ)၊ ငွေတံဆိပ်တစ်ဆုလျှင် ငွေကျပ်(၂ဝ)သိန်း နှင့်ကြေးတံဆိပ်တစ်ဆုလျှင်ငွေကျပ်(၁ဝ)သိန်းစီချီးမြှင့်ခဲ့ရာ စုစုပေါင်း ဂုဏ်ပြု ဆုငွေကျပ် (၉၈၂)သိန်းနှင့် သန်မြန်သူဆောက်လုပ်ရေးကုမ္ပဏီမှ ဂုဏ်ပြုဆုငွေကျပ်(၅၄)သိန်း၊ ၁ဝဝ ဏူကျ ဃသ.ယူအိ မှ ဂုဏ်ပြုဆုငွေကျပ်(၁ဝ၂)သိန်းတို့မှလည်း ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပြီး စုစုပေါင်း ငွေကျပ်(၁ဝ၈၄)သိန်းတိတိကို ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။