spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလတတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ပါ၀င်ဆင်နွှဲ

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလတတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ပါ၀င်ဆင်နွှဲ

 
 
ရန်ကုန်၊ ဒီဇင်ဘာလ( ၁၅ )ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးတစ်မျိုးသားလုံး အမျိုးသားအားကစားစိတ်ဓါတ်အပြည့်အ၀ဖြင့် ပြည်သူလူထုတစ်ရပ်လုံးလှုပ်ရှားပါ၀င်ဆင်နွှဲစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလ တတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီခွဲက ရန်ကုန်မြို့ မြို့မကျောင်းလမ်းနှင့်စကား၀ါလမ်းဆုံမှ စတင်တာထွက်ရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် အစိုးရအဖွဲ့ ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် (အား/ကာ)ခရိုင်/မြို့နယ် အရာရှိများ၊ ဖိတ်ကြားထားသူများ၊  မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊  ကျောင်းသား/ကျောင်းသူများ၊  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၊ ဘင်ခရာနှင့် ပန်းပွားအက ကျောင်းသူလေးများနှင့်အတူ တပျော်တပါးစုပေါင်းလမ်းလျှောက်ပွဲကို ပါ၀င်ဆင်နွှဲခဲ့ကြသည်။
 
 
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းက သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးခဲ့ရာ စုပေါင်းလမ်းလျှောက်ပွဲကို မြို့မကျောင်းလမ်း စကား၀ါလမ်းဆုံမှ စတင်တာထွက်၍ ဦးဥတ္တမအၽဝိုင်းတို့မှတဆင့် ရွှေတိဂုံမြောက်ဘက် သွေးဆေးကန်လမ်းမှ ဗဟန်းဘောလုံးကွင်းသို့ ပြန်လည်ပန်း၀င်၍ မြို့နယ်အလိုက် လူဦးရေ ၄၅၀၀၀ခန့်ပြည်သူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ် အတွဲအမှတ်(၁/၂)တို့နှင့် Zumba အကလေ့ကျင့်ခန်းများပြုလုပ်ကြပြီး လမ်းလျှောက်ပွဲ ပါ၀င်ဆင်နွှဲကြသော ကျောင်းသား/ ကျောင်းသူများအား Mega Co.,Ltd မှ FERROVIT အင်္ကျီများ လှူဒါန်းခြင်း၊ Lotte MGS ကုမ္ပဏီမှအချိုရည်များလှူဒါန်းခြင်းနှင့် ပြည်သူများအား 100 Plus အားဖြည့် အချိုရည်များနှင့် Calsome ကွေကာများတိုက်ကျွေးကူညီခဲ့ကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%90%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%90%E1%80%BA%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA