spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်မှုအရ မြန်မာနိုင်ငံအားကစားအဆင့်အတန်းတိုးတက် မြင့်မားရေးအတွက် အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး MOU လက်မှတ်ရေးထိုးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ လွဲပြောင်းပေးအပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်မှုအရ မြန်မာနိုင်ငံအားကစားအဆင့်အတန်းတိုးတက် မြင့်မားရေးအတွက် အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး MOU လက်မှတ်ရေးထိုးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ လွဲပြောင်းပေးအပ်

 
ရန်ကုန်၊ အောက်တိုဘာလ(၁၅)ရက်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်မှုအရ မြန်မာနိုင်ငံအားကစား အဆင့်အတန်းတိုးတက် မြင့်မားရေးအတွက် အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး MOUလက်မှတ်ရေးထိုးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၂)နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုလှိုင် ၊  ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူးဦးစိုးအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ECONOMIC  and Commercial  Counselor Mr. XIE  GUOXIANG နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။ 
 
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနို်င်ငံ ECONOMIC  and Commercial  Counselor Mr. XIE  GUOXIANG က အားကစားနည်းပညာပူးပေါင်း ဆောင်ရွက်ရေး MOU လက်မှတ်ရေးထိုးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ လှူဒါန်းရခြင်းအကြောင်းရှင်းလင်ပြောကြားသည်။
 
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် က ယခုလိုအားကစားပစ္စည်းများ လှူဒါန်းပေးသည့်အပြင် အားကစားတိုးတက်ရေးအတွက် နည်းပညာအကူအညီပေးရေးလက်မှတ် ရေးထိုးရခြင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အားကစားဘက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များကို  အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အချက်(၃)ချက်ပါ MOU လက်မှတ်ရေးထိုးရာတွင် တရုတ် အစိုးရအနေဖြင့် အားကစားနည်းပညာပိုင်းဆိုင်ရာများကို မြန်မာနိုင်ငံရှိ နည်းပြဆရာများအား  လေ့ကျင့်သင်ကြားပေးရေး၊ JointTraining အစီအစဉ်အရ မြန်မာအားကစားသမားများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခေါ်ယူလေ့ကျင့်ပေးရေးနှင့် အားကစားအထောက်အကူပြု ပစ္စည်းများ ပံ့ပိုးကူညီပေးရေးအတွက် လက်မှတ်ရေးထိုးသည့်အပြင် အားကစားနည်း(၁၂)မျိုး အတွက် ဆက်စပ်အသုံးအဆောင်ပစ္စည်းများနှင့် Fitness  တစ်စုံလှူဒါန်းပေးသည့်အတွက် များစွာ ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုလှူဒါန်းပေးသော အားကစားပစ္စည်းများကို အင်ဒိုနီးရှားနို်င်ငံတွင်  ၂ဝ၁၈ခုနှစ် Asia Games  ပြိုင်ပွဲ၊ ၂ဝ၁၈ခုနှစ်၊ဒီဇင်ဘာလမှာ   မြန်မာနိုင်ငံ၌  Universitry  Games နှင့် ၂ဝ၁၉ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံ၌ အကြိမ်(၃ဝ)မြောက် SEA Games  ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နိုင်ရန် အားကစားလေ့ကျင့်ရေး စခန်းများတွင် အစားထိုး လေ့ကျင့်သုံးစွဲသွားမှာဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ မြန်မာအားကစားသမားများကို နှစ်ရှည် (၃)နှစ်မှ (၅)နှစ်အတွင်း အားကစားပူးတွဲလေ့ကျင့်ရေး အစီအစဉ်များပါ ရေးဆွဲထားပါကြောင်း၊  ထိုအပြင် ၂ဝ၁၇ခုနှစ်၊ မေလမှ ဒီဇင်ဘာလအထိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး)တို့၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ စေတနာ့ဝန်ထမ်း နည်းပြများစေလွှတ်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ ပြီးခဲ့တဲ့(၂၇၊ ၂၈) SEA Games  ပြိုင်ပွဲများမှာလည်း မြန်မာနို််င်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ Goverment to Goverment  အစီအစဉ်အရ အားကစားပူးပေါင်း ဆောင်ရွက်ပေးမှုကြောင့် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးခဲ့တဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံဟာ အဆင့်(၂)ဖြင့် အရှေ့တောင်အာရှ နိုင်ငံ အလယ်မှာ ဝင့်ကြွားနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်မှုကိုအခြေခံ၍ ရှေ့ဆက်လက်ပြီး မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်အောင်မြင်ရေး ကို ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါစေလို့ ပြောကြားခဲ့ပါသည်။
 
 
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာနñွှန်ကြားရေးမှူးချုပ် ဦးမျိုလှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနို်င်ငံ ECONOMIC  and Commercial  Counselor Mr. XIE  GUOXIANG အားကစားကဏ္ဍနည်းပညာပူးပေါင်းဆောင်ရွက်ရေးအချက်(၃)ချက်ပါ MOU လက်မှတ်အပြန်အလှန်ရေးထိုးကြပြီး နှစ်နိုင်ငြံဥ့လက်မှတ်ရေးထိုးထားသည့် စာရွက် စာတမ်းများကိုအပြန်အလှန်ပေးအပ်ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
 
 
ယနေ့တရုတ်ပြည်သူ့သမ္မတနို်င်ငံအစိုးရမှ မြန်မာနိုင်ငံအိုလံပစ်ကော်မတီသို့ Fencing ၊ ရေကူး၊ မြားပစ်၊ ဝူရှူး၊ ဘော်လီဘော၊ ကျွမ်းဘား၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ အလေးမ၊ ပြေးခုန်ပစ်၊ အားကစားနည်း(၁၂)နည်းအတွက် ၄င်းတို့နှင့်ဆက်စပ် ပစ္စည်းများနှင့် Fitness  တစ်စုံ ကာလတန်ဖိုး US$ (၄)သိန်းဖိုးကို ပေး အပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%B7%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%AD%E1%80%AF%E1%80%B7%E1%81%8F-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%81%E1%80%BB%E1%80%85%E1%80%BA%E1%80%80%E1%80%BC%E1%80%8A%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%A1%E1%80%9B