spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦစီးဌာန အောက်ရှိ နိုင်ငံတစ်ဝှမ်းမှ အားကစားကွင်း၊ ရုံများအား ပြည်သူများ မည်သူမဆို အခမဲ့ဝင်ရောက် အားကစားပြုလုပ်ခြင်း၊ လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦစီးဌာန အောက်ရှိ နိုင်ငံတစ်ဝှမ်းမှ အားကစားကွင်း၊ ရုံများအား ပြည်သူများ မည်သူမဆို အခမဲ့ဝင်ရောက် အားကစားပြုလုပ်ခြင်း၊ လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်

နေပြည်တော်၊ အောက်တိုဘာ(၁၈)ရက်။ 

နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် အကောင်အထည်ဖော်ရာတွင် လူသားအရင်းအမြစ်တို့ အခန်းကဏ္ဍမှ လွန်စွာအရေးကြီးပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ပညာမြင့်မားကာ အရာရာကို စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၏တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်အတွက် မျှော်မှန်းချက်ထား၍ လုပ်ငန်းများဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် ကျန်းမာရေးကိုများစွာ အထောက်အကူပြုခြင်း၊ အားကစားပြုလုပ်ခြင်းဖြင့် လူငယ်လူရွယ်များ ဉာဏ်ပညာဖွံ့ဖြိုး တိုးတက် လာခြင်း၊ အသက်အရွယ်ရလာသူများအဖို့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်းဖြင့် အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းအဆီဓါတ် ပါဝင်မှုများပြားခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးပြီး ကျန်းမာရေးတွက် ဆေး တစ်ခွက်( Exercise Physical Activity is Medicine) ဖြစ်သည်ကို နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ သိရှိနားလည်ပြီး အားကစားကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များရှိ အားကစားကွင်း၊ ရုံအသီးသီးကို ပြည်သူများအခမဲ့ လွတ်လပ်စွာ ကိုယ်လက် လှုပ်ရှားအားကစားကို ပြုလုပ်နိုင်ပါကြောင်းနှင့် အားကစားကွင်း၊ ရုံ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ကြေငြာထားမည်ဖြစ်ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင်လည်း မြို့နယ်အသီးသီးရှိ အားကစားကွင်း၊ ရုံအသီးသီးကို (ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများ) ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အသီးသီးရှိ လူများ အားကစားပြုလုပ်နိုင်အောင် နေရာအသီးသီး၌ Outdoor Fitness များကို ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများ မြို့နယ်အသီးသီးရှိ အားကစားကွင်း၊ ရုံအသီးသီး၌ အားကစားကို လွတ်လပ်စွာ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ကြောင်းကိုလည်း ပြည်သူများသိရှိနိုင်ရန် ရုပ်မြင်သံကြား၊ သတင်း၊ ဂျာနယ်များ အသီးသီးမှ အသိပေးကြေငြာသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%85%E1%80%BA%E1%80%9D%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BE