နေပြည်တော်၊ ဒီဇင်ဘာ (၁၉)ရက်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့် အဖွဲ့အား ယမန်နေ့ မွန်လွဲ (၂) နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံပြီး ပြည်သူများအကြား အားကစားဗဟုသုတပြန့်ပွားရေး နှင့် အားကစားလိုက်စားမှု မြှင့်တင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအဆင့် ကျင်းပသည့် အားကစားပြိုင်ပွဲများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ၊ မြန်မာမီဒီယာ များအနေဖြင့် နိုင်ငံတကာအိုုလံပစ်ကော်မတီနှင့် ချိတ်ဆက်၍ အားကစားမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။