spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပုဇွန်တောင်မြို့နယ်တွင် လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်း (Public Talk) ကျင်းပ

ပုဇွန်တောင်မြို့နယ်တွင် လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်း (Public Talk) ကျင်းပ

 
 
ပုဇွန်တောင် ဒီဇင်ဘာ (၁၇)။
 
ကျောင်းသား လူငယ်လူရွယ်များ အားကစား လိုက်စား တတ်စေရန်နှင့် စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အ.ထ.က (၄) ကျောင်းရှိ ပင်လုံခန်းမတွင် ကျင်းပပြုလုပ်သည်။
 
အဆိုပါ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲတွင် မြို့နယ်ကော်မရှင် ဥက္ကဌ ဦးမြလှိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ ဇင်နွယ်ဦး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာ၀န်ခံ ဦးမြတ်သူ၊ စာရေးဆရာမ ခင်လပြည့်၀န်း၊ စာရေးဆရာ မောင်သီဟ (ဧရာ၀တီ)နှင့် စာရေးဆရာမ ခင်တင့်ဝေ (မြို့တော်စည်ပင်) တို့မှ အားကစားလိုက်စားခြင်းဖြင့် ကျန်းမာရေးနှင့် ပညာသင်ကြားရေးကို အထောက်အကူပြုပုံ၊ ကျန်းမာရေး ကောင်းမှသာ ဘ၀အောင်မြင် တိုးတက်နိုင်ပုံ၊ လူငယ်လူရွယ်များ လမ်းမှားမရောက်စေရန် အကျိုးရှိသည့် အားကစားလိုက်စားခြင်းဖြင့် အားလပ်ချိန်များကို အသုံးချနိုင်ရေး၊ ကျောင်းပညာတစ်ဖက်ဖြင့် အားကစား လိုက်စားရာမှ ထူးချွန် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ်ကို ရောက်ရှိနိုင်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဆက်စပ်ပုံ၊ အွန်လိုင်းမှတစ်ဆင့် Game များ ဆော့မည့်အစား အားကစား နည်းတစ်မျိုးမျိုးကို လိုက်စားခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားအဖြစ်ကို ရောက်ရှိနိုင်ကြောင်း စသဖြင့် အကျယ်တ၀င့် ဆွေးနွေးခဲ့ကြသည်။
 
 
 
ထို့နောက် တတ်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းကြပြီး ပြည်သူ ့စကား၀ိုင်း (Public Talk) ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
 
အဆိုပါ ပြည်သူ့စကား၀ိုင်းဆွေးနွေးပွဲကို မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ဟောပြောဆွေးနွေးသည့် ပုဂ္ဂိုလ်များ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ၊ဖိတ်ကြားထား သူများ စုစုပေါင်း လူဦးရေ (၁၅၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%AF%E1%80%87%E1%80%BD%E1%80%94%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8-%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%89%E1%80%BA%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%B7-%E1%80%85%E1%80%80%E1%80%AC%E1%80%B8%E1%80%9D%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8-public-talk