နေပြည်တော်၊ အောက်တိုဘာ(၁၉)ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်တွင် TC-2၊ ဝူရှူးလေ့ကျင့်ရေးရုံ လယ်ဝေး ၌ ဆက်လက်ကျင်းပပြုလုပ်ပါသည်။
ယနေ့ပွဲစဉ်များအဖြစ် နှစ်ဖက်သွားဓါး (ကျား/မ) ပြိုင်ပွဲ၊ ဓါးမောက် (ကျား/မ) ပြိုင်ပွဲ၊ ထိုက်ချိကျန့် (ကျား/မ) ပြိုင်ပွဲနှင့် ဆန်းဆို (အတိုက်) ပြိုင်ပွဲတွင် (၄၈) ကီလို(ကျား/မ) ပြိုင်ပွဲ၊ (၅၂) ကီလို(ကျား/မ) ပြိုင်ပွဲ၊ (၅၆) ကီလို(ကျား) ပြိုင်ပွဲ၊ (၆၀) ကီလို(ကျား) ပြိုင်ပွဲ၊ (၆၅) ကီလို(ကျား) ပြိုင်ပွဲ၊ (၇၀) ကီလို(ကျား) ပြိုင်ပွဲ၊ (၇၅) ကီလို(ကျား) ပြိုင်ပွဲများကို ပွဲစဉ်အလိုက် ယှဉ်ပြိုင်ကစားကြပါသည်။
အဆိုပါ ၂၀၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲကို အောက်တိုဘာလ(၂၀) ရက်နေ့တွင် TC-2၊ ဝူရှူးလေ့ကျင့်ရေးရုံ လယ်ဝေး တွင် နံနက်(၉:၀၀)နာရီအချိန်မှ စတင်ပြီး ဆက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေ ဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။