spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲနှင့် မန္တလာအိုးပင်းစစ်တုရင်ပြိုင်ပွဲကျင်းပမည်

မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲနှင့် မန္တလာအိုးပင်းစစ်တုရင်ပြိုင်ပွဲကျင်းပမည်

မန္တလေး၊ ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံစစ်တုရင်ပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် မန္တလာအိုးပင်းစစ်တုရင်ပြိုင်ပွဲကို ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်း D-24/25 စစ်တုရင်အကယ်ဒမီခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

တိုင်းဒေသကြီး၀န်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ လည်းကောင်း၊  (၁၂)ကြိမ်မြောက် မန္တလာအိုးပင်းစစ်တုရင်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၃၁ ရက်အထိလည်းကောင်း ကျင်းပမည်ဖြစ်ရာ ပါ၀င်ယှဉ်ပြိုင်လိုသူများသည် နိုင်ငံသား မှတ်ပုံတင်ပါရှိရမည်ဖြစ်သည်။ နိုင်ငံသားမှတ်ပုံတင်မရှိပါက မန္တလေးတိုင်းဒေသကြီးအတွင်း ခြောက်လနှင့်အထက် နေထိုင်လျက်ရှိကြောင်း သက်ဆိုင်ရာထောက်ခံချက်ဖြင့် ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ ဗထူးအားကစားကွင်းခန်းမအနီးရှိ မန္တလေးတိုင်း ဒေသကြီး စစ်တုရင်ဆပ်ကော်မတီရုံး၌ စာရင်းပေးသွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ မန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံစစ်တုရင်ပြိုင်ပွဲနှင့် အားကစားသမားများပေါ်ထွက်လာစေရန်၊ လူငယ်လူရွယ်များ စစ်တုရင်အားကစားကို ပိုမို စိတ်၀င်စားမှုမြင့်မားလာပြီး စစ်တုရင်အားကစားကဏ္ဍ ယခုထက်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%AC%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%95%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA