spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာတက္ကသိုလ်ဘောလုံးအသင်း ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရ

မြန်မာတက္ကသိုလ်ဘောလုံးအသင်း ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရ

ရန်ကုန် ဒီဇင်ဘာ ၁၈။

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ မြန်မာတက္ကသိုလ် ဘောလုံးအသင်းမှာ ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရသည်။

ဗိုလ်လုပွဲတွင် ထိုင်းအသင်းက မြန်မာအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်ရှေ့မှောက်တွင် ရွှေတံဆိပ်ရယူနိုင်ရန် ကြိုးပမ်းသော်လည်း ခြေစွမ်းပိုင်းကွာဟမှုကြောင့် အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာ အသင်းသည် အကောင်းဆုံးပုံစံမရသည့်အပြင် တိုက်စစ်ပုံဖော်ရာတွင် အမှားများခဲ့သောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းတွင် ဒဏ်ရာနှင့်ပွဲပယ် ကစားသမားရှိနေ၍ ပွဲထွက် လူစာရင်းကို အနည်းငယ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးထိုင်းအသင်းကို ရင်ဆိုင်ခဲ့သည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် ထိုင်းကို အနိုင်ရသော်လည်း ထိုင်းအသင်း၏ ကစားပုံမှာ သိသိသာသာပြောင်းလဲခဲ့ပြီး မြန်မာအသင်းကို ပွဲချိန်ပြည့် ထိန်းချုပ်ကစားနိုင်ခဲ့သည်။ မြန်မာအသင်း၏ ခံစစ်ပိုင်းအားနည်းချက်များကို အသုံးချကာ ဂိုးများသွင်းယူခဲ့သလို ခံစစ်ကလည်း ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့သည်။ ၁၄မိနစ်တွင် ထိုင်းအသင်း ဂိုးစရခဲ့ပြီး တောင်ပံကစားသမားပွန်မီရတ်က သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ထိုင်းအသင်းက ဂိုးထပ်ရရန် ကြိုးစားသလို မြန်မာအသင်းကလည်း ချေပဂိုးရရန် တိုက်စစ်ကစားပုံ ပိုကောင်းသည့် ထိုင်းအသင်းက ဂိုးထပ်ရရှိခဲ့ပြီး ၆၂မိနစ်တွင် ချိုတီပါလာက ခေါင်းတိုက်ပြီး ဒုတိယဂိုးသွင်းယူခဲ့သည်။

နံနက်ပိုင်းက ကျင်းပသည့် တတိယနေရာလုပွဲတွင် မလေးရှားအသင်းနှင့် လာအိုအသင်းတို့ တစ်ဂိုးစီသရေကျနေ၍ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ မလေးရှားအသင်းက လေးဂိုး နှစ်ဂိုး၊ စုစုပေါင်း ငါးဂိုး သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%84%E1%80%BD%E1%80%B1%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%96%E1%80%BC%E1%80%84%E1%80%B7%E1%80%BA-%E1%80%80%E1%80%BB%E1%80%B1%E1%80%94%E1%80%95%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%9B