spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ဒုတိယဖြင့် ကျေနပ်ခဲ့ရ

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ဒုတိယဖြင့် ကျေနပ်ခဲ့ရ

ရန်ကုန် ဒီဇင်ဘာ ၁၈။

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းသည် ဒုတိယဖြင့် ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် တွေ့ဆုံခဲ့ပြီးပွဲချိန်အတွင်းနှစ်ဂိုးစီသရေကျနေ၍ ပယ်နယ်တီ ဖြင့် ဆုံးဖြတ်ရာ ငါးဂိုး- သုံးဂိုး၊ စုစုပေါင်း ခုနှစ်ဂိုး-ငါးဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုတွင်းတွေ့ဆုံစဉ်က ဂိုးပြတ်ရှုံးနိမ့်ထားသောကြောင့် ယခု ဗိုလ်လုပွဲတွင် နိုင်ပွဲရရန်ကြိုးပမ်းခဲ့သော်လည်း ပယ်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲတွင် နှစ်ကြိမ်တိုင်ဦးဆောင်နိုင်ခဲ့သော်လည်း ဂိုးများ ပြန်ပေးခဲ့ရခြင်း ဖြစ်သည်။

မြန်မာအသင်း၏ ပွဲထွက်လူစာရင်းတွင် ဘုန်းသစ္စာမင်း၊ စိုးမိုးကျော်၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ ဝင်းနိုင်ထွန်းတို့ဖြင့် လူစုံခဲ့ပြီး ဗီယက်နမ်အသင်းကလည်း အမာခံ ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။

 

မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို ပွဲချိန်ပြည့် အပြန်အလှန်ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို မထိန်းနိုင်ခဲ့၍ ချန်ပီယံဆုနှင့် လွဲခဲ့ရခြင်းဖြစ်သည်။ ၂၇ မိနစ်တွင် တန်ပြန် တိုက်စစ်မှတစ်ဆင့် ဝင်းနိုင်ထွန်းက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းမပြီးခင်မှာပင် ချေပဂိုးပြန်ပေးခဲ့ရသည်။ ၅၂ မိနစ်တွင် စိုးလွင်လွင်က ဒုတိယ ဂိုးဦးဆောင်ဂိုးသွင်း ယူခဲ့ ရသော်လည်း ချေပဂိုးပြန်ပေးခဲ့ရသောကြောင့် အချိန်ပိုဆက်မကစားဘဲပယ်နယ်တီဖြင့် အဆုံးအဖြတ်ခံယူခဲ့သည်။ ပယ်နယ်တီကန်သွင်းရာတွင် ဗီယက်နမ်အသင်းက ငါးလုံးစလုံး ဂိုးဝင်ပြီး မြန်မာအသင်းမှ စိုးမိုးကျော်၊ စိုးလွင်လွင်နှင့် ဘုန်းသစ္စာမင်း(ဂိုး) တို့ ဂိုးဝင်ပြီး မြတ်ကောင်းခန့်၏ ကန်သွင်းမှုလွဲချော်ခဲ့၍ ဗီယက်နမ်အသင်းက ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%97%E1%80%AE%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%99%E1%80%BA-%E1%80%9A%E1%80%B0-%E1%81%82%E1%81%81-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%80%E1%80%BB%E1%80%B1%E1%80%94%E1%80%95%E1%80%BA%E1%80%81%E1%80%B2%E1%80%B7%E1%80%9B