
ရန်ကုန် ဒီဇင်ဘာ ၁၈
၂ဝ၁၉ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီသစ်အတွက် ပြင်ဆင်လျက်ရှိသည့် ဆောက်သမ်းမြန်မာအသင်းသည် နိုင်ငံခြားသားကစားသမားများခေါ်ယူရန် အစီအစဉ်မရှိကြောင်း သိရသည်။
ဆောက်သမ်းမြန်မာအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက နိုင်ငံခြားသားကစားသမားတစ်ဦးကိုခေါ်ယူခဲ့သော်လည်း လာမည့်ဘောလုံးရာသီတွင် ပြည်တွင်းကစားသမားများကိုသာ နေရာပေးလိုသောကြောင့် နိုင်ငံခြားသား ကစားသမားများခေါ်ယူရန် အစီအစဉ်မရှိတော့ခြင်းဖြစ်သည်။
လက်ရှိ ဆောက်သမ်းမြန်မာအသင်း၌ ဝင်းမင်းထွဋ်၊ ရှိုင်းသူရ၊ စွမ်းထက်အောင်နှင့် စည်သူသန်းစိုး စသည့် ကစားသမား ၁၁ ဦးကို ရာသီသစ်အတွက် ခေါ်ယူထားသည်။
ဆောက်သမ်းမြန်မာအသင်းသည် ဒီဇင်ဘာ ၁၉ ရက်တွင် ရခိုင်ယူနိုက်တက်အသင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် မကွေးအသင်းတို့နှင့် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရာသီသစ်အတွက် ပြင်ဆင်နေသော ဆောက်သမ်းမြန်မာအသင်းကခေါ်ယူထားသည့် ပြည်တွင်းကစားသမားများမှာ အောင်မင်းခန့်(ဂိုး) GFA ၊ ရန်နိုင်ထွန်း(နောက်တန်း) GFA၊ ဝင်းမင်းထွဋ်(နောက်တန်း) ရှမ်း၊ နိုင်လင်းထွန်း (နောက်တန်း) စစ်ကိုင်း၊ ရဲဝင့်သူ(နောက်တန်း) Mountain Lion ၊ရှိုင်းသူရ(အလယ်တန်း) ရတနာပုံ၊ စွမ်းထက်အောင်(အလယ်တန်း) မကွေး၊ သူရမင်းနိုင်(အလယ်တန်း) GFA ၊ စည်သူသန်းစိုး(ရှေ့တန်း) ရခိုင်၊ ချိုထွန်း (ရှေ့တန်း) မကွေးနှင့် ရန်ကျော်ထွေး(ရှေ့တန်း) တို့ဖြစ်ကြောင်း သိရသည်။