spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း စိုးမင်းဦး ရှမ်းယူနိုက်တက်အသင်း၌ လက်ထောက်နည်းပြအဖြစ် တာ၀န်ယူမည်

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း စိုးမင်းဦး ရှမ်းယူနိုက်တက်အသင်း၌ လက်ထောက်နည်းပြအဖြစ် တာ၀န်ယူမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

မြန်မာလက်ရွေးစင်အသင်း တိုက်စစ်မှူးဟောင်း စိုးမင်းဦးသည် ၂၀၁၉ ဘောလုံးရာသီတွင် ကစားသမားအဖြစ် ဆက်လက်ရှိနေမည်မဟုတ်ဘဲ ရှမ်းယူနိုက်တက်အသင်း၌ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာ၀န်ယူမည်ဖြစ်ကြောင်း အတည်ပြုကြေညာသည်။

စိုးမင်းဦးသည် ကစားသမားဘ၀ကို တံခွန်အသင်း၌စတင်ခဲ့ပြီး ယခင် မြို့တော်စည်ပင်အသင်း၌လည်း ကစားခဲ့သူဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် စတင်ပြီးနောက် ကမ္ဘောဇအက်ဖ်စီတွင် ၀င်ရောက်ကစားပြီး ပြီးခဲ့သည့်နှစ်နှစ်က ရှမ်းယူနိုက်တက်အသင်းဟု အမည်ပြောင်းပြီးနောက် အသင်း၌ ကစားခဲ့ရာ ကစားသမားသက်တမ်း ၁၅ နှစ်ရှိပြီဖြစ်သောကြောင့် အသင်းတာ၀န် ရှိသူများ၊ နည်းပြအဖွဲ့၀င်များနှင့် ဆွေးနွေးတိုင်ပင်ကာ ကစားသမားဘ၀မှ အနားယူပြီး နည်းပြဘ၀သို့ ကူးပြောင်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

၂၀၀၉ ခုနှစ်က မြန်မာ့လက်ရွေးစင်ဖြစ်ခဲ့သော စိုးမင်းဦးက ကစားသမားဘ၀တွင် ၂၀၁၆ ခုနှစ်က မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးချန်ပီယံဆုအပါအ၀င် ပြည်တွင်းဖလားနှစ်လုံး ရရှိခဲ့ခြင်းမှာ အမှတ်ရစရာ အကောင်းဆုံးဖြစ်ကြောင်းနှင့် နည်းပြဘ၀တွင် အောင်မြင်မှုရရှိရန် ကြိုးစားမည်ဖြစ်ကြောင်းပြောသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%9F%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8-%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%A6%E1%80%B8-%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%9A%E1%80%B0%E1%80%94%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%90%E1%80%80%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%81%8C-%E1%80%9C%E1%80%80%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%A1%E1%80%96%E1%80%BC%E1%80%85%E1%80%BA