spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာကရာတေးအသင်း ရွှေခြောက်ခု၊ ငွေတစ်ခု၊ ကြေးငါးခုဖြင့် နိုင်ငံအလိုက်ပထမနေရာရရှိ

အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာကရာတေးအသင်း ရွှေခြောက်ခု၊ ငွေတစ်ခု၊ ကြေးငါးခုဖြင့် နိုင်ငံအလိုက်ပထမနေရာရရှိ

နေပြည်တော် ဒီဇင်ဘာ ၁၉။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၁၀ရက်မှ ၁၉ရက်ထိအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ကရာတေးအားကစားနည်းပြိုင်ပွဲအား နိုင်ငံပေါင်း (၇)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့လက်ရွေးစင်ကရာတေးအသင်းအနေဖြင့် ရွှေခြောက်ခု၊ ငွေတစ်ခု၊ ကြေးငါးခုဖြင့် ပြိုင်ပွဲဝင်နိုင်ငံများအနက် ရွှေတံဆိပ်အများဆုံးရရှိပြီး နိုင်ငံအလိုက်ပထမရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် ကရာတေးအသင်းသည် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း(ခတ) ပြိုင်ပွဲတွင် မင်းဟိန်းခန့်နှင့် သဇင်အေးတို့က ရွှေတစ်ခုစီ၊ အမျိုးသား၊ အမျိုးသမီး (ခတ) အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတစ်ခုစီ၊ အမျိုးသမီးတစ်ဦးချင်း ၅၀ကီလိုနှင့် အောက် (ကုမိတဲ့)ပြိုင်ပွဲတွင် သဇင်အေးက ရွှေတစ်ခု၊ အမျိုးသား တစ်ဦးချင်း ၆၀ကီလိုနှင့် အောက် (ကုမိတဲ့)ပြိုင်ပွဲ၌ အောင်ခင်စစ်က ရွှေတစ်ခု၊ အမျိုးသမီး ၅၀ကီလိုနှင့်အောက် (ကုမိတဲ့)ပြိုင်ပွဲ၌ ရွှေရည်ဝင်းက ငွေတစ်ခု၊ အမျိုးသမီးတစ်ဦးချင်း ၆၀ကီလိုနှင့် အထက် (ကုမိတဲ့)ပြိုင်ပွဲ၌ ခရစ္စတင်းက ကြေးတစ်ခု၊ အမျိုးသမီးတစ်ဦးချင်း ၅၅ကီလိုနှင့်အောက် (ကုမိတဲ့)ပြိုင်ပွဲ၌ မေမြန်မာညွှန့်ဦးခင်က ကြေးတစ်ခု၊ အမျိုးသားတစ်ဦးချင်း (ကုမိတဲ့)ပြိုင်ပွဲများ၌ ၆၀ကီလိုနှင့်အောက်တွင် အောင်သော်ဇင်သိန်းစိုးက ကြေးတစ်ခုနှင့် အမျိုးသမီးအသင်းအလိုက် (ကုမိတဲ့)ပြိုင်ပွဲ၌ သဇင်အေး၊ ခရစ္စတင်း၊ အေးအေးခင်၊ မေမြန်မာညွှန့်ဦးခင်တို့အတွဲက ကြေးတစ်ခု အသီးသီးရရှိခဲ့ကြသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%81%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%81%E1%80%AF%E1%81%8A-%E1%80%84%E1%80%BD%E1%80%B1%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%AF%E1%81%8A