spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသားတံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲ ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကျင်းပမည်

အမျိုးသားတံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲ ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

မြန်မာ့ကြက်တောင်အားကစား ပိုမိုတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ၂၀၁၈ ခုနှစ် အမျိုးသားတံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲကို ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှသိရသည်။

အမျိုးသားတံခွန်စိုက် ကြက်တောင်ရိုက်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင် အားကစားခန်းမ၌ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကို နေ့စဉ် နံနက် ၉ နာရီမှ သတ်မှတ်ပွဲစဉ်များ ပြီးဆုံးချိန်အထိ ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်မှာ မြန်မာကြက်တောင်အားကစားအဆင့်အတန်း အရှေ့တောင်အာရှ၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဆုကြေးများထိုက်တန်စွာပေးအပ်မည်ဟု ကြေညာထားပြီး သက်တမ်းအလိုက် တံခွန်စိုက် ဒိုင်းပြိုင်ပွဲများကျင်းပခြင်းဖြင့် အလားအလာကောင်းသော လူငယ်အားကစားများထွက်ပေါ်လာ စေရန်၊ ထိုလူငယ်များအား စုစည်းလေ့ကျင့်စေခြင်းဖြင့် မြန်မာကြက်တောင်အားကစားအဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်ကြောင်းသိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA-%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%92%E1%80%AE%E1%80%87%E1%80%84%E1%80%BA%E1%80%98%E1%80%AC%E1%80%94%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%90%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA