spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်မှု စတင်ပြုလုပ်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်မှု စတင်ပြုလုပ်

ရန်ကုန် ဒီဇင်ဘာလ ၁၉ရက်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၀တိုကျို အိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့် ခြေစစ်ပွဲအတွက် ဒီဇင်ဘာ ၁၇ရက်နေ့မှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာအမျိုးသမီးအသင်းကို ပဏာမကစားသမား ၂၇ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဒုတိယအဆင့် ခြေစစ်ပွဲအတွက် သုံးလကျော် အချိန်ယူ ပြင်ဆင်မည်ဖြစ်သည်။ လက်ရှိတွင်အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပနေသောကြောင့် သက်ဆိုင်ရာကလပ်အသင်းများတွင် ပါဝင်ကစားခွင့်ပြုထားပြီး ပထမအကျော့ ပြီးဆုံးပါက ကစားသမား အစုံအလင်ဖြင့်လေ့ကျင့်နိုင်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းအနေဖြင့် ရွေးချယ်ထားသည့် ကစားသမားများလေ့ကျင့်မှု ပြည့်ဝစေရန် အချိန်ယူလေ့ကျင့်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီမှ စတင်ကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဖေဖော်ဝါရီလတွင် ပြည်တွင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး  မတ်လတွင် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းယှဉ်ပြိုင်မည့် အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲကို ဧပြီ ၁ရက်မှ ၉ရက်ထိ ကျင်းပမည်ဖြစ်ပြီး လေးသင်းသုံးအုပ်စုခွဲကာ ကျင်းပမည်ဖြစ်သော်လည်း အုပ်စုမဲခွဲခြင်းမရှိသေးကြောင်း သိရသည်။

ဒုတိယအဆင့် ခြေစစ်ပွဲတွင် ပထမအဆင့်မှ တက်ရောက်လာသည့် မြန်မာ၊ ဖိလစ်ပိုင်၊ ပါလက်စတိုင်း၊ နီပေါ ၊ ဂျော်ဒန်၊ အီရန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ) တိုက်ရိုက်ကစားခွင့်ရသည့် ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန် စုစုပေါင်း ၁၂သင်းယှဉ်ပြိုင်မည်ဖြစ်သည်။

ပြန်လည်ဖွဲ့စည်းထားသည့် မြန်မာအမျိုးသမီးအသင်းတွင် နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုး ၊ လက်ထောက်နည်းပြများအဖြစ် ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြအဖြစ် ဦးမြကိုမင်း၊ ကစားသမားများအဖြစ် ဂိုး-ဇာဇာမြင့်၊ မေဇင်နွယ်၊ မျိုးမြမြငြိမ်း၊ သန္တာဦး၊ နောက်တန်း-ဝေဝေအောင် ၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ယွန်းမီမီလွင်၊ ချစ်ချစ်၊ ယမင်းလွင်၊ ခိုင်သဇင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း- ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ မေစံပယ်ဖူး၊ လဲ့လဲ့လှိုင်၊ နန့်မေသဇင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း- မေသူကျော်၊ ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်တို့ ပါဝင်ကြသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%86%E1%80%84%E1%80%BA%E1%80%B7-%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%99%E1%80%BE%E1%80%AF