နေပြည်တော်၊ အောက်တိုဘာ(၂၁)ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲနောက်ဆုံးနေ့ပွဲစဉ် များကို ယနေ့နံနက် (၉းဝဝ)နာရီ အချိန်တွင် TC-2၊ ဝူရှူးလေ့ကျင့်ရေးရုံ လယ်ဝေး၌ ဆက်လက် ကျင်းပပြုလုပ်ပါသည်။
ယနေ့ပွဲစဉ်များအဖြစ် ထောက်လုပွဲစဉ်တွင် နန်းကွန့် (ကျား/မ) ပြိုင်ပွဲနှင့် ဆန်းဆို (အတိုက်) ပွဲစဉ်တွင် (၄၈) ကီလို(ကျား) ပြိုင်ပွဲ၊ (၅၂) ကီလို(ကျား) ပြိုင်ပွဲ၊ (၅၆) ကီလို(ကျား) ပြိုင်ပွဲ၊ (၆ဝ) ကီလို(ကျား) ပြိုင်ပွဲ၊ (၇၅) ကီလို(ကျား) ပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင် ကစားကြပါသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြ§င့်ပွဲကို ဆက်လက်ကျင်းပရာ ဝူရှူးထောက်လု) နန်းကွန့် (ကျား/မ) ပြိုင်ပွဲနှင့် ဝူရှူး(ဆန်းဆို) အတိုက် (၄၈)ကီလို(ကျား) ပြိုင်ပွဲ၊ (၅၂)ကီလို(ကျား/မ) ပြိုင်ပွဲ၊ (၅၆)ကီလို(ကျား) ပြိုင်ပွဲ၊ (၆ဝ)ကီလို(ကျား) ပြိုင်ပွဲ၊ (၇၅)ကီလို (ကျား) ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရရှိသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ ñွှန်ကြားရေးမှူးများမှ ဆုများကို အသီးသီးပေးအပ်ချီးမြ§င့်ခဲ့ကြပါသည်။
ယင်းနောက် ထောက်လုအကောင်းဆုံးအမျိုးသမီးဆုရ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဆောင်းနှင်းဖြူနှင့် ထောက်လုအကောင်းဆုံးအမျိုးသားဆုရ ရခိုင်ပြည်နယ်အသင်းမှ စိုးထက်လင်း တို့အား လည်းကောင်း၊ ဆန်းဆိုအကောင်းဆုံးအမျိုးသမီးဆုရ မန္တလေးတိုင်းဒေသကြီးအသင်းမှ ပုံ့ပုံ့စိုးနှင့် ဆန်းဆိုအကောင်းဆုံးအမျိုးသားဆုရ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျော်သက်တို့ အား အားကစားနှင့်ကာယပညာဦးစီးဌာန ñွှန်ကြားရေးမှူးဦးသိန်းထွန်းလတ်မှ အကောင်းဆုံး ဆုတံဆိပ်များကိုလည်းကောင်းပေးအပ်ချီးမြ§င့်ခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ ရွှေတံဆိပ်(၁) ခု၊ ကြေးတံဆိပ်(၂) ခုဖြင့် ဆန်းဆိုအမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသွားသော ချင်းပြည်နယ်အသင်း၊ ရွှေတံဆိပ်(၂) ခု၊ ငွေတံဆိပ်(၁) ခု၊ ကြေးတံဆိပ်(၁) ခုဖြင့် ဆန်းဆို အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ်(၆) ခု၊ ငွေ တံဆိပ်(၂) ခု၊ ကြေးတံဆိပ်(၁) ခုဖြင့် ထောက်လုအမျိုးသမီးတံခွန်စိုက်ဆုဖလား ရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ်(၃) ခု၊ ငွေတံဆိပ်(၆) ခု၊ ကြေးတံဆိပ်(၁) ခုဖြင့် ထောက်လု အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရွှေတံဆိပ်(၁၁) ခု၊ ငွေတံဆိပ်(၆) ခု၊ ကြေးတံဆိပ်(၆) ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိသွား သော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား တံခွန်စိုက်ဆုဖလားများကို ပေးအပ်ချီးမြ§င့်ခဲ့ပြီး စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးကာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။