နေပြည်တော်၊ ဒီဇင်ဘာ (၂ဝ)ရက်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၈ ခုနှစ်၊ အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက် (၇:၃ဝ) နာရီ အချိန်မှစ၍ နေပြည်တော် မြို့တော်ဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ အမျိုးသားပွဲစဉ်များအဖြစ် Lion Cup တစ်ဦးချင်း ပြိုင်ပွဲတွင် ပြည့်ဖြိုးသူ (မြန်မာ) မှ သတ်မှတ်ရိုက်ချက်ထက် (၂)ချက်လျော့၍ ရိုက်ချက်(၇ဝ)ဖြင့် ပထမ နေရာမှ ဦးဆောင်၍ လည်းကောင်း၊Gabriel Hansel Han အင်ဒိုနီးရှားမှ သတ်မှတ်ရိုက်ချက်ထက် (၁)ချက်လျော့၍ ရိုက်ချက်(၇၁)ဖြင့် ဒုတိယနေရာမှ လည်းကောင်း၊ Lion Cup အသင်းလိုက် ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းမှ ရိုက်ချက်ပေါင်း ၁၄၅ ချက်ဖြင့် ပထမနေရာတွင် ဦးဆောင်၍ လည်းကောင်း၊ မြန်မာအသင်းမှ ရိုက်ချက်ပေါင်း ၁၄၉ ဖြင့် ဒုတိယ နေရာမှလည်းကောင်း၊ ထိုင်းအသင်းမှ ရိုက်ချက်ပေါင်း ၁၅၁ ဖြင့် တတိယနေရာမှလည်းကောင်း၊ Putra Cup တစ်ဦးချင်းပြိုင်ပွဲတွင် Leon Philip DSOUZA(ဟောင်ကောင်)မှ သတ်မှတ်ရိုက်ချက်ထက် (၃)ချက်လျော့၍ ရိုက်ချက်(၆၉)ဖြင့် ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊Tanapat Pichaikool (ထိုင်း)မှ သတ်မှတ်ရိုက်ချက်ထက် (၁)ချက်လျော့၍ ရိုက်ချက် (၇၁)ဖြင့် ဒုတိယနေရာမှလည်းကောင်း၊ Putra Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ရိုက်ချက် (၂၁၅) ဖြင့် ပထမနေရာမှလည်းကောင်း၊ စကင်ပူအသင်းမှ ရိုက်ချက် (၂၁၉)ဖြင့် ဒုတိယနေရာ မှလည်းကောင်း၊ အမျိုးသမီးပွဲစဉ်များအဖြစ် Santi Cup တစ်ဦးချင်း ပြိုင်ပွဲတွင် Bianca Isabel Pagdanganan (ဖိလစ်ပိုင်)မှ သတ်မှတ်ရိုက်ချက်ထက် (၂)ချက် လျော့၍ ရိုက်ချက် (၇ဝ)ဖြင့် ပထမနေရာမှဦးဆောင်၍လည်းကောင်း၊ Lois Kaye Go(ဖိလစ်ပိုင်)မှ သတ်မှတ်ရိုက်ချက်ထက် (၁)ချက်လျော့၍ ရိုက်ချက်(၇၁)ဖြင့် ဒုတိယနေရာမှ လည်းကောင်း၊Santi Cupအသင်းလိုက်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အသင်းမှ ရိုက်ချက်ပေါင်း ၁၄၁ ဖြင့် ပထမနေရာမှဦးဆောင်၍ လည်းကောင်း၊ ထိုင်းအသင်းမှ ရိုက်ချက်ပေါင်း ၁၄၇ ဖြင့် ဒုတိယ နေရာမှလည်းကောင်း၊ Kartini Cup တစ်ဦးချင်းပြိုင်ပွဲတွင် သင်းဝေခိုင်(မြန်မာ)မှ သတ်မှတ် ရိုက်ချက်ဖြင့် ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊Jumpita Chul-Ak-Som (ထိုင်း)မှ သတ်မှတ်ရိုက်ချက်ထက် (၁)ချက်ပို၍ ရိုက်ချက်(၇၃)ဖြင့် တတိယ နေရာမှလည်းကောင်း၊ Kartini Cup အသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းမှ ရိုက်ချက်ပေါင်း ၁၄၈ ဖြင့် ပထမနေရာမှ ဦးဆောင်၍လည်းကောင်း၊ ဖိလစ်ပိုင်အသင်းမှ ရိုက်ချက်ပေါင်း ၁၄၉ ဖြင့် ဒုတိယ နေရာမှ လည်းကောင်း အသီးသီးယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဆက်လက်၍ ၂ဝ၁၈ ခုနှစ်၊ အရှေ့တောင်အာရှ အပျော်တမ်းအသင်းလိုက် တံခွန်စိုက် ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို အိမ်ရှင်မြန်မာအပါအဝင် အင်ဒိုနီးရှား၊ မလေးရှား၊ ဟောင်ကောင်၊ စကင်ာ္ပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်မှ အားကစားသမား (၉ဝ)ဦးခန့်သည် (၂ဝ.၁၂.၂ဝ၁၈) ရက်နေ့မှ (၂၃.၁၂.၂ဝ၁၈)ရက်နေ့အထိ နေ့စဉ်နံနက်(၇:၃ဝ)အချိန်တွင် နေပြည်တော်မြို့တော် ဂေါက်ကွင်း ၌ အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။