spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဗီယက်နမ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး ဝင်းနိုင်ထွန်းရရှိ

ဗီယက်နမ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး ဝင်းနိုင်ထွန်းရရှိ

 

ရန်ကုန် ဒီဇင်ဘာ၂၀။    

 ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော VFF THANHNIEN Newspaper  CUP   ပြိုင်ပွဲကို   မြန်မာ ယူ-၂၁ အသင်း ဝင်ရောက်ယှဉ်ပြိုင်ရာ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိကြောင်း သိရသည်။

မြန်မာယူ-၂၁ အသင်းသည် ဒီဇင်ဘာ ၁၈ ရက်က ယှဉ်ပြိုင်ကစားသည့် ဗိုလ်လုပွဲတွင် အိမ်ရှင်ဗီယက်နမ် အသင်းကို အကောင်းဆုံးပုံစံဖြင့်  ယှဉ်ပြိုင် ကစားခဲ့သော်လည်း ပွဲချိန်မိနစ် ၉ဝ တွင် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ပြီး ပယ်နယ်တီ အဆုံးအဖြတ်တွင်  ၅ ဂိုး - ၃ ဂိုးဖြင့် ရှုံးနိမ့်သည်။ သို့သော် တိုက်စစ်မှူး ဝင်းနိုင်ထွန်းသည် ပွဲစဉ်တစ်လျှောက် ၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းအထူးကောင်းမွန်ခြင်းကြောင့် ပွဲစဉ်တစ်ခုလုံး၏ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။

တိုက်စစ်မှူး ဝင်းနိုင်ထွန်းသည် အဖွင့်ပွဲဖြစ်သော ဗီယက်နမ်အသင်းကို ၅ ဂိုး - ၂ ဂိုးဖြင့် ရှုံးနိမ့်သောပွဲတွင် အဖွင့်ဂိုး သွင်းယူပေးပြီး  မလေးရှားအသင်းကို  ၃ဂိုးပြတ်ဖြင့် အနိုင်ရရှိသောပွဲတွင်လည်း ၁ဂိုးသွင်းယူပေးကာ ဗိုလ်လုပွဲတွင် ဗီယက်နမ် အသင်းကို ၁ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%97%E1%80%AE%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%99%E1%80%BA%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%81%8F-%E1%80%95%E1%80%BD%E1%80%B2%E1%80%85%E1%80%89%E1%80%BA%E1%80%90%E1%80%85%E1%80%BA%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%B8-%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%86%E1%80%AF%E1%80%80%E1%80%AD%E1%80%AF-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%99%E1%80%BE%E1%80%B0%E1%80%B8