spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ခြေစမ်းပွဲတွင် ချင်းယူနိုက်တက်အသင်း ၄ဂိုး-၂ဂိုးဖြင့် အနိုင်ရရှိပြီး ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲဆက်

ခြေစမ်းပွဲတွင် ချင်းယူနိုက်တက်အသင်း ၄ဂိုး-၂ဂိုးဖြင့် အနိုင်ရရှိပြီး ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲဆက်

ရန်ကုန်  ဒီဇင်ဘာ  ၂ဝ။

ရန်ကုန်ယူနိုက်တက်အသင်းနှင့်   ချင်းယူနိုက်တက်အသင်းတို့၏ ခြေစမ်းပွဲကို ယမန်နေ့ညနေက ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက်အသင်းက  ချင်းယူနိုက်တက်အသင်းကို ၄ ဂိုး -၂ ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို သန်းပိုင်က နှစ်ဂိုး၊  အီစိုးနှင့် သက်ပိုင်စိုးတို့က တစ်ဂိုးစီ အသီးသီး သွင်းယူခဲ့ပြီး ချင်းယူနိုက်တက် အသင်းအတွက် ချေပဂိုးများကို ဂွၽန်ဘာဘူနှင့် ကျော်စွာဝင်းတို့က သွင်းယူပေး ခဲ့သည်။

ပုံမှန်ပွဲကစားချိန်အတိုင်း ၄၅မိနစ်နှစ်ပိုင်းယှဉ်ပြိုင် ကစားခဲ့ပြီး သူရကျော် (ဂိုး)၊ သီဟဇော်၊ မိုကွီး၊ သူရိန်စိုး၊ ထူးခန့်လွင်၊ ရန်အောင်ကျော်၊ နေဦးလွင်၊ သက်ပိုင်စိုး၊ ကြည်လင်း၊ သန်းပိုင်နှင့် အီစိုးတို့  ပါဝင်ကစားကြပြီး    ပထမပိုင်းပြီးဆုံးချိန်တွင် ၃ ဂိုး -၂ ဂိုးဖြင့် အသာစီး ရရှိခဲ့သည်။

ဒုတိယပိုင်းတွင် ဝေလင်းအောင်(ဂိုး)၊ မင်းကျော်ခန့်၊ ပြည့်ဖြိုးအောင်၊ သိန်းဇော်၊ နန်းဝေမင်း၊မောင်မောင်လွင်၊  ငြိမ်းချမ်းအောင်၊ ရန်လင်းအောင်၊ ကြည်လင်း၊ အီစိုး နှင့်စိုးမင်းနိုင်တို့ လူစားဝင်ရောက်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက ချင်းယူနိုက်တက်အသင်းကို ၄ ဂိုး -၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲစဉ်သည်  ရန်ကုန်ယူနိုက်တက်အသင်းအတွက် စတုတ္တမြောက် ခြေစမ်းပွဲစဉ်ဖြစ်ပြီး နှစ်ပွဲနိုင်၊ တစ်ပွဲသရေနှင့် တစ်ပွဲရှုံးရလဒ်ရရှိထားသည်။

ပဉ္စမမြောက်ခြေစမ်းပွဲအဖြစ် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%81%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%B0%E1%80%94%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%90%E1%80%80%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%81%84%E1%80%82%E1%80%AD%E1%80%AF%E1%80%B8-%E1%81%82%E1%80%82%E1%80%AD%E1%80%AF%E1%80%B8%E1%80%96%E1%80%BC%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%E1%80%95%E1%80%BC%E1%80%AE%E1%80%B8-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%9A%E1%80%B0%E1%80%94%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%90%E1%80%80%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8