spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရမ်းဗြဲမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဌဖလား တိုက်နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

ရမ်းဗြဲမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဌဖလား တိုက်နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

 
 
 
ရမ်းဗြဲ ဒီဇင်ဘာ ၂၁
 
ရမ်းဗြဲမြို့နယ်၌ (၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးလျက် မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဌဖလား တိုက်နယ်ပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲအချိန်က ရမ်မာ၀တီ မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
 
ပြိုင်ပွဲကျင်းပရခြင်းမှာ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး စည်းလုံးညီညွတ်စွာ လုပ်ကိုင်တတ်စေရန်၊ အသင်းအဖွဲ့များတွင် ပူးပေါင်းပါ၀င် ဆောင်ရွက်တတ်စေရန်နှင့် အားကစားကို ချစ်မြတ်နိုးပြီး ကျေးလက်ဒေသများမှ အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်လျက် ကျင်းပပြုလုပ်ပေးခြင်း ဖြစ်သည်။ ဘောလုံးပြိုင်ပွဲတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ တိုက်နယ် (၁၂) တိုက်နယ်် ပါ၀င်ပြီး ပြိုင်ပွဲများကို အုပ်စု (၄) စုခွဲ၍ ကျင်းပမည်ဖြစ်ပါသည်။ ပွဲစဉ်တစ်လျှောက် ဒိုင်လူကြီးများအဖြစ် ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
 
 
ယင်းနောက် ကျောက်ချောင်းတိုက်နယ်နှင့် YB ချောင်းဖျား တိုက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘောလုံးပြိုင်ပွဲကို (၃-၁-၂၀၁၉) ရက်နေ့တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ယှဉ်ပြိုင်နိုင်သူများကို ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%99%E1%80%BA%E1%80%B8%E1%80%97%E1%80%BC%E1%80%B2%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%81%8C-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%81%E1%80%94%E1%80%BA%E1%80%B7%E1%80%81%E1%80%BD%E1%80%B2%E1%80%99%E1%80%BE%E1%80%AF-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95