spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)သင်တန်းဆင်းပွဲကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်၊ ဒီဇင်ဘာ (၂၁)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အချင်းတိုးတက်စေရန် ရည်ရွယ်၍ (၁၅.၉.၂ဝ၁၈) ရက်နေ့မှ (၂၅.၁၁.၂ဝ၁၈)ရက်နေ့အထိ ဖွင့်လှစ်သည့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈) သင်တန်းဆင်းပွဲကို ယနေ့ နေ့လည် (၁၂:ဝဝ)နာရီ အချိန်တွင် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယခုသင်တန်း ဖွင့်လှစ်ရခြင်းမှာ မိမိတို့ဌာနရှိ ဝန်ထမ်းများ အင်္ဂလိပ်ဘာသာစကားကို တိုးတက်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပါကြောင်း၊ ယခုသင်တန်းတွင် တက်ရောက်ခဲ့ကြသော သင်တန်းသားများ အနေဖြင့် သင်တန်းမှရရှိခဲ့သော အသိပညာများကို မိမိတို့တွင်ရှိသော အတွေ့အကြုံကောင်းများနှင့်ပေါင်းစပ်၍ မိမိတို့ဌာန လုပ်ငန်းများအောင်မြင်ရန် အထောက်အကူပြုနိုင်သူများ ဖြစ်အောင် စဉ်ဆက်မပြတ် လေ့လာဖို့ လိုအပ်ကြောင်း၊ ယနေ့ ကမ္ဘာကြီးသည် ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်ပါသောကြောင့် ဘာသာစကားဆိုင်ရာများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို သိရှိလိုပါက မိမိတို့ဖုန်းတွင် အလွယ်တကူ ရှာဖွေ လေ့လာနိုင်ပါကြောင်း၊ ယခုသင်တန်းမှ တစ်ဆင့် နောင်တွင်လည်း သင်တန်းများ ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများမှ ယခုလောက်နဲ့ ရပ်မနေဘဲ ဆက်လက်ကြိုးစားလေ့လာ သွားကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရဲလွင်မှ သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ သင်တန်းသားများကိုယ်စား ပထမရရှိသော သင်တန်းသူတစ်ဦးမှ Presentation ပြောကြားကာ မိတ်ဆက်ဂါရဝပြုခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ထို့နောက် ဒုတိယဝန်ကြီးမှ သင်တန်းဆရာ/ဆရာမများအား အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား/သူများမှ You raise me up သီချင်းဖြင့် သံပြိုင်သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%A1%E1%80%84%E1%80%BA%E1%80%B9%E1%80%82%E1%80%9C%E1%80%AD%E1%80%95%E1%80%BA%E1%80%85%E1%80%AC%E1%80%80%E1%80%BB%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8